စစ်ပွဲတွေ အမြန်ဆုံးရပ်စဲဖို့ ဘာသာပေါင်းစုံအဖွဲ့ကြီး တောင်းဆို

21panglong-pray-620.jpg ရန်ကုန်မြို့ Chatrium Hotel မှာ သြဂုတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံအကြို ဆုတောင်းပွဲကို တွေ့ရစဉ်

ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကိုလည်း အဓိကထား ထည့်သွင်းဆွေးနွေးဖို့ မြန်မာနိုင်ငံ ကလေးသူငယ်များအတွက် ဘာသာပေါင်းစုံအဖွဲ့ကြီး MIC က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ Chatrium Hotel မှာ ဒီနေ့ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံအကြို ဆုတောင်းပွဲကို တက်ရောက်လာတဲ့ ဘာသာပေါင်းစုံက ဆရာတော်တွေ တောင်းဆိုလိုက်တာဖြစ်ကြောင်း ဆုတောင်းပွဲကို ဦးဆောင်ကျင်းပတဲ့ ရတနာမေတ္တာအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေက ပြောပါတယ်။

"ဒီကလေးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် စစ်ပွဲတွေရပ်ဖို့နော် ဒါတစ်ချက်၊ နောက်ဒုတိယ အချက်ကတော့ အပစ်အခက်ရပ်စဲရေးတွေ လုပ်ပြီးတဲ့နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါမှာ ကလေးတွေရဲ့ရပိုင်ခွင့် အခွင့်အရေးတွေ၊ နောက် သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်တွေကိုပါ ထည့်သွင်းပြီးတော့ စာရွက်ထဲပါရုံမဟုတ်ဘဲနဲ့ တကယ်လည်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် စဉ်းစားဖို့ အဲ့ဒီ ၂ ချက်ကို ဒီအစည်းအဝေးပွဲကြီးကနေ တိုက်တွန်းဖို့ရှိပါတယ်"

ဆုတောင်းပွဲကို တက်ရောက်လာတဲ့ ဘာသာပေါင်းစုံက ဆရာတော်တွေက စစ်ပွဲတွေရပ်စဲပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့ သက်ဆိုင်ရာဘာသာအလိုက် ဆုတောင်းခဲ့ကြသလို ကလေးတွေကလည်း ငြိမ်းချမ်းရေးတေးသီချင်းကို သီဆိုခဲ့ကြပါတယ်။

ရတနာမေတ္တာအဖွဲ့နဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF တို့ ပူပေါင်းကျင်းပတဲ့ ပင်လုံညီလာခံ အကြို ဆုတောင်းပွဲကို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာတွေက ဆရာတော်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ်တွေနဲ့ ဘာသာပေါင်းစုံက လူငယ်တွေအပါအဝင် စုစုပေါင်း လူ ၁၅ဝ ကျော် တက်ရောက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကိုလည်း ထည့်သွင်းဆွေးနွေးဖို့ လှုပ်ရှားမှုတွေ ကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက မြို့နယ်တွေမှာလည်း ကျင်းပသွားမယ်လို့ ရတနာမေတ္တာအဖွဲ့က ပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.