ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုဂံဒေသကိုရောက်ရှိ

ပုဂံငလျင်အတွက် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတွေရဲ့အလှူငွေပေးအပ်ဖို့နဲ့ ပျက်စီးသွားတဲ့ ဘုရားတွေကိုကြည့်ရှူရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုဂံဒေသကိုရောက်ရှိနေတာဖြစ်ပါတယ်။

ပုဂံဘုရားတွေပြုပြင်တဲ့အခါမှာရှေးဟောင်းလက်ရာအတိုင်း မွမ်းမံဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

သြဂုတ်လ ၂၇ နေ့ မနက်ပိုင်းက ပုဂံပြတိုက်မှာ ကျင်းပတဲ့ တပ်မတော်ကြည်းရေလေ မိသားစုတွေရဲ့ အလှူငွေပေးအပ်ပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ ပျက်စီးပြိုကျသွားတဲ့ဘုရားတွေကို တပ်မတော်သားတွေ သန့်ရှင်းရေးလုပ်တဲ့အခါမှာ ရှေးဟောင်းပစ္စည်းတွေမထိခိုက်အောင် လုပ်ဖို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ပုဂံဒေသစိမ်းလန်းစိုပြေဖို့နဲ့ရာသီဥတုဒဏ်ခံနိုင်အောင် သစ်ပင်စိုက်ဖို့အပြင် သန့်ရှင်းအောင်လုပ်ဖို့ကိုလည်း ပြောခဲ့ပါတယ်။ ပုဂံဘုရားတွေပြန်ပြုပြင်မွမ်းမံဖို့ တပ်မတော်က ကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့ပါတယ်။

Photo: Myo Zaw Ko/ RFA
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.