ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် ကရင်ပြည်နယ်မှာ သေဆုံးသူ ၃ ဦးရှိ



လားရှိုးပြည်သူ့ဆေးရုံမှာ သြဂုတ်လ ၈ ရက်နေ့က တက်ရောက်ကုသနေသော ကလေးငယ်တစ်ဦးကို တွေ့ရစဉ်။ Photo: Kan Thar/RFA
ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ဖာပွန် စတဲ့မြို့နယ် ၄ ခုမှာ ဇူလိုင်လကနေ သြဂုတ် ၁၉ ရက်နေ့အထိ ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိပြီး ရောဂါခံစားနေရသူ ၁၄ ဦးရှိနေတယ်လို့ ကရင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထွန်းမင်း က ပြောပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့နေရာတွေမှာ ကာကွယ်ကုသရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောပါတယ်။

အဲ့ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်တာဖြစ်ပြီး ကလေးငယ်တွေမှာ ပိုပြီးအဖြစ်များနေတာဖြစ်တယ် လို့လည်း ပြောပါတယ်။

ဂျပန်ဦးနှောက်ရောင်ရောဂါဟာ စပါးခင်းတွေမှာ ရှင်သန်ပေါက်ဖွားတဲ့ ခြင်တွေကတဆင့် ဝက်၊ ကျွဲ၊ နွားတွေကို ကိုက်ရာကနေ လူတွေဆီကို ထပ်ပြီး ကူးစက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

လာမယ့် ၂ဝ၁၇ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးသွားဖို့လည်း စီစဉ်နေပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်လအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ၂ဝ ကျော်ရှိနေပြီး လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ ဟိုပန်၊ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေမှာ ရောဂါဖြစ်ပွားမှုတွေ ရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.