မန္တလေးမှာ ရေဘေးကြောင့် လူဦးရေ ၆ ထောင်ကျော် ကယ်ဆယ်ရေးစခန်း ပြောင်းရွှေ့

 mdy-flooding-camp-620.jpg မန္တလေးမြို့က ရေဘေးဒုက္ခသည်တွေကို သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Hset Paing Toe/ RFA

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်က အောင်ပင်လယ်၊ ကန်သာယာ၊ မြရိပ်နန္ဒာ၊ ထွန်တုံးနဲ့ အမှတ် (၄)ရပ်ကွက်တို့မှာ မိုးများပြီးရေကြီးတာကြောင့် လူဦးရေ ၆ထောင်ကျော် ကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။

မနေ့ညကစပြီး ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်နေရတာဖြစ်တယ်လို့ ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။

လက်ရှိ အောင်ပင်လယ်၊ ကန်သာနဲ့ အမှတ် ၄ ရပ်ကွက်တို့က ဓမ္မာရုံ၊ ဘုရားဝင်း၊ စာသင်ကျောင်းနဲ့ ဘူတာရုံတွေမှာ ကယ်ဆယ်ရေးစခန်း ၈ ခုဖွင့်လှစ်ထား ပြီး ရေဘေးဒုက္ခသည်တွေကို နေရာချထားပေးပါတယ်။

ဓမ္မာရုံတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ထပ်တိုးဖွင့်လှစ်ဖို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းဆွေးနွေးနေ ကြပါတယ်။

ရေမြောင်းတွေပိတ်ဆို့နေတာကြောင့် မိုးများတဲ့အခါ ရေကြီးတာဖြစ်ပြီး လယ်ကွက်တွေအတွက် သိုလှောင်ထားတဲ့ ရေတွေလျှံကျတာကြောင့်လည်း ရပ်ကွက် အတွင်းက နေအိမ်တွေထဲကို ရေဝင်ရောက်မှုများခဲ့တာဖြစ်တယ်လို့ ဦးမြင့်အောင်မိုး က ပြောပါတယ်။

လက်ရှိ ရေဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် အလှူငွေတွေကောက်ခံနေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကနေ အကူအညီရရှိဖို့တောင်းခံ ထားပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.