စစ်ကိုင်းတိုင်း ဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ ဝက်သက်ရောဂါကြောင့် အခုဆိုရင် သေဆုံးသူ အယောက် ၈၀ ရှိပြီလို့ သိရပါတယ်။
အရင်ရက်တွေတုန်းက မြန်မာ အာဏာပိုင်တွေက သေဆုံးသူ ၆၈ ယောက်ရှိပြီလို့ ထုတ်ပြန်ထားတာ ရှိပါတယ်။
အခုတခါ လဟယ်အထွေထွေ အုပ်ချုပ်ရေးမှူးကနေ ထုတ်ပြန်တဲ့ စာရင်းနဲ့ နန်းယွမ်းမြို့နယ် လွှတ်တော်အမတ် ဦးစိန်မောင်က ကောက်ခံတဲ့ စာရင်းတွေအရ နောက်ထပ် ၁၂ ဦးရဲ့ နာမည်တွေ့ရှိရတာကြောင့် စုစုပေါင်း အယောက် ၈၀ ရှိသွားပြီလို့ Emergency Response Team to Naga Region ရဲ့ ဖေ့စ်ဘွတ်မှာ ဖော်ပြထားပါတယ်။
လပိုင်းအတွင်းမှာပဲ ကြိုတင်ကာကွယ်နိုင်တဲ့ ဝက်သက်ကြောင့် သေဆုံးရသူ အများအပြားရှိတဲ့အပေါ် မြန်မာအစိုးရကို အပြစ်တင်နေကြပါတယ်။
အစိုးရက ကျန်းမာရေးဝန်ထမ်းတွေကို ပို့ဆောင်နေပေမယ့် မသွားချင်တဲ့ လူတွေ များကြောင်း သိရပါတယ်။
တချို့ကလည်း မဲနှိုက်ရာကနေ နာဂဒေသကို ခေတ္တသွားဖို့ တာဝန်ကျကြောင်း သိရလို့ မူးမေ့သွားတဲ့ ဆရာဝန်တွေ၊ တာဝန်ကျတဲ့ ဝန်ထမ်းတွေက အထက်ကို စာတင်ပြီး မသွားနိုင်ဘူးလို့ ပြောဆိုတာတွေ ရှိတဲ့အတွက် ကျန်းမာရေး ဝန်ထမ်းတွေအကြားမှာလည်း အပြန်အလှန် ဝေဖန် ငြင်းခုံကြတာ ရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
COMMENTS