ဝန်ဆောင်ခမပေးရပဲ မြန်မာ အလုပ်သမား ၂၅ဝ ကျော် ထိုင်းမှာ အလုပ်လုပ်ခွင့်ရ

 thai-workers-press-620.jpg ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ အလုပ်သမားဦးစီးဌာနရုံးမှာ ထိုင်းနိုင်ငံအခြေစိုက် Thai Union Group ကုမ္ပဏီနဲ့ အစိုးရတို့ MOU စာချုပ် လက်မှတ်ရေးထိုးနဲ့ ပတ်သက်ပြီး သြဂုတ်လ ၂ဝ ရက်နေ့က ရှင်းလင်းစဉ်
Photo: Kyaw Htoon Naing/RFA

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် တို့ရဲ့ကူညီမှုနဲ့ မြန်မာအလုပ်သမား ၂၅ဝ ကျော်ဟာ ဝန်ဆောင်ခမပေးရပဲ ထိုင်းနိုင်ငံအခြေစိုက် Thai Union Group ကုမ္ပဏီမှာ သွားရောက် အလုပ်လုပ်ကိုင်ခွင့် ရရှိပြီဖြစ်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ အလုပ်သမားဦးစီးဌာနရုံးမှာ ထိုင်းနိုင်ငံအခြေစိုက် Thai Union Group ကုမ္ပဏီနဲ့ အစိုးရတို့ MOU စာချုပ် လက်မှတ်ရေးထိုးပြီး စေလွှတ်တာဖြစ်ပါတယ်။

နောင်မှာ ဝန်ဆောင်ခမပေးရပဲ မြန်မာအလုပ်သမားတွေ စေလွှတ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

Thai Union Group ကုမ္ပဏီမှာ သွားရောက်အလုပ်လုပ်မယ့် အလုပ်သမားတွေဟာ အလုပ်ရရှိဖို့ ဝန်ဆောင်ခမပေးရတော့ပေ မယ့် မြန်မာအစိုးရကို စာရွက်စာတမ်းကြေးအဖြစ် ငွေကျပ် ၇ သောင်းနီးပါး ပေးသွင်းရမှာဖြစ်ပြီး ထိုင်းနိုင်ငံအစိုးရကိုလည်း ဘတ်ငွေ ၃ ထောင်နီးပါး ပေးသွင်းရမှာဖြစ်ပါတယ်။

အရင်က အလုပ်အကိုင်ရှာဖွေပေးတဲ့ ကုမ္ပဏီတွေကို ဝန်ဆောင်ခအနေနဲ့ ငွေကျပ် ၄ သိန်းလောက် အထိ ပေးဆောင်ရ တာတွေ ရှိနေပါတယ်။

အဲ့ဒီအလုပ်သမားတွေဟာ လုပ်အားခ တစ်ရက်ကို ဘတ် ၃ဝဝ ရရှိမှာဖြစ်ပြီး အချိန်ပိုကြေးအနေနဲ့ တစ်နာရီကို ၅၆ ဘတ်ကျော် ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်ပိတ်ရက်အနေနဲ့ တစ်ပတ်ကို တစ်ရက်၊ အစိုးရရုံးပိတ်ရက်တွေနဲ့ နှစ်ပြည့်ခွင့်အဖြစ် တစ်နှစ်ကို ရက် ၂ဝ နီးပါး ရရှိမှာဖြစ်ပါတယ်။

Thai Union Group ကုမ္ပဏီဟာ ငါး၊ ပုဇွန်၊ ပြည်ကြီးငါး၊ ကင်းမွန်စတဲ့ ပင်လယ်စာတွေကို အဓိကထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၄ သောင်းကျော် ရှိပါတယ်။

ဝန်ဆောင်မှု အခမဲ့နဲ့ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ စံပြစေလွှတ်တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး ဒီနေ့ စာချုပ်ချုပ်ဆိုပွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတည်ထောင်ထားသူတွေလည်း တက်ရောက်လေ့လာခဲ့ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.