မင်းဘူး သြဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့တွင် သြဂုတ်လ(၂၄)ရက်နေ့ ညနေ(၅း၀၅)မိနစ်ခန့်က ငလျင်လှုပ်ခတ်မှုကြောင့် မင်းဘူးမြို့ နဂါးပွက်တောင် ရွံ့ချော်ရည်များ လျှံကျပြီး နံရံများအက်ကွဲမှု ဖြစ်ပေါ်ကာ အမတော်၊မောင်တော်နတ်နန်းဆောင်အတွင်းရှိ မျက်နှက်ကျက်များ ပျက်စီးခြင်း၊ မြေသားများ မောက်ထွက်ခြင်း၊ နဂါးပွက်တောင်တော်ရှေ့ ရှိ ပေတရာလမ်းမမှာ အက်ကွဲခြင်းများ ဖြစ်ပေါ်ပြီ ကယ်ဆယ်ရေးအဖွဲ့မှ ပျက်စီးမှုများအား ကူညီရှင်းလင်းပေးခဲ့သည်။ မင်းဘူးမြို့အတွင်းရှိ ရှေးဟောင်း အဆောက်အဦးအချို့မှ အုတ်နံရံများ အနည်းငယ်ပြိုကြပျက်စီးမှုမှလွဲ၍ ကြီးကြီးမားမားပျက်စီးထိခိုက်မှု မရှိကြောင်း သိရှိရသည်။
ဖိုးပြည့်(မင်းဘူး)
MOI Webportal Myanmar

COMMENTS