ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်သစ်မှာ အမျိုးသမီးတစ်ဦးသာ ဖြစ်သင့်ကြောင်း ဘန်ကီမွန်း ပြော

သြဂုတ် ၁၆ ။ ။ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်သစ်အဖြစ် အမျိုးသားများထက် အမျိုးသမီးခေါင်းဆောင်တစ်ဦးကိုသာ ပို၍ ဖြစ်စေလိုကြောင်း လက်ရှိ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

နှစ်ပေါင်း ၇၀ ကြာ သက်တမ်းရှိလာပြီဖြစ်သော ကုလအဖွဲ့အစည်းတွင် အမျိုးသားခေါင်းဆောင်များသာ လွှမ်းမိုးထားခဲ့ပြီးနောက်ပိုင်း ယခုအချိန်တွင်မူ အမျိုးသမီးခေါင်းဆောင်တစ်ဦး၏ အလှည့်ကျရောက် သင့်ပြီဖြစ်ကြောင်း ၎င်းက ထုတ်ဖော်သွားသည်။

အတွင်းရေးမှူးချုပ် နေရာအတွက် ၀င်ရောက်အရွေးချယ်ခံနေသူ ၁၁ ဦးထဲတွင် အမျိုးသမီး ငါးဦး ပါဝင်နေလျက်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ထောက်ခံပေးရမည်ဖြစ်ကာ အထွေထွေညီလာခံ၌ နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ရွေးချယ်မည်ဖြစ်သည်။

အတွင်းရေးမှူးး ချုပ်သစ်ကို လာမည့် ဆောင်းဦးကာလတွင် ကြေညာနိုင်မည်ဟု မျှော်လင့်ရသည်။

ဘီဘီစီ
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.