ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သြဂုတ်လလယ်တွင် သွားရောက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ လယ်တွင်တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက News Watch သို့ ပြောကြားသည်။

သြဂုတ်လလယ်မှာ တရုတ်နိုင်ငံကိုသွားဖို့ စီစဉ်ထားပါတယ်။ ဘယ်နှရက်ကြာမယ်ဆိုတာတော့ လောလောဆယ် မပြောနိုင်သေးပါဘူး။ စက်တင်ဘာလထဲမှာတော့ အမေရိကားကိုသွားပါမယ်'' ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းကိစ္စနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို တရုတ်ခေါင်းဆောင်များနှင့် အဓိကဆွေးနွေးသွားမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌတာဝန်ဖြင့်၂၀၁၅ ခုနှစ် ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၊ ၀န်ကြီးချုပ်လီခချန်းအပါအ၀င် ထိပ်ပိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လအတွင်း မလေးရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း သွားရောက်မည့် အချိန်ကာလနှင့်ပတ်သက်ပြီး ညှိနှိုင်းဆဲအနေ အထားတွင်သာရှိသေးကြောင်း ဦးဇော်ဌေးက ပြောသည်။

''မလေးရှားခရီးစဉ်က ညှိနှိုင်းနေတုန်းပဲရှိပါသေးတယ်၊ အသေးစိတ်တော့ ပြောလို့မရသေးပါဘူး'' ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာခရီးစဉ်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့်တွေ့ဆုံခဲ့ပြီး ထိုင်းအစိုးရနှင့် နှစ်နိုင်ငံအစိုးရအဆင့် တရားဝင်အလုပ်သမားစေလွှတ်မှု နားလည်မှုစာချွန်လွှာ (MOU) အပါအ၀င် အခြားသဘောတူ စာချုပ်များကိုလည်း ချုပ်ဆိုနိုင်ခဲ့သည်။

နန္ဒမျိုးဆောင်
(Photo - ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ တရုတ်ပြည်ခရီစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့စဉ်)


News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.