မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုသိမ်တွင် ရေပြန်တက်


ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်- ပုသိမ်ကားလမ်း ရေကျော်နေပြီဖြစ်သဖြင့် ပိတ်ထားရပြီး ပုသိမ်တက္ကသိုလ်လည်း တစ်ပတ်ခန့်ပိတ်ထားရကြောင်း ပုသိမ်မြို့ရှိ ဒေသခံများထံမှ သိရသည်။

ရန်ကုန်-ပုသိမ်ကားလမ်းကို သုံးရက်ခန့်ပိတ်ထားမည်ဖြစ်သောကြောင့် ပုသိမ်-ရန်ကုန်- ကြံခင်း-ဟင်္သာတ- အသုတ်-ရေကြည်- ငါးသိုင်းချောင်း ကားလိုင်းများကိုလည်း ပိတ်ထားကြောင်း သိရသည်။

“တစ်မြို့လုံးနည်းပါး မြုပ်တာ။ ကုန်းမြင့်ပိုင်းလောက်ပဲ ကျန်တော့တယ်။ အကူအညီကတော့ တိုင်းဒေသကြီးဝန်ကြီးချုပ်က လာပေးတယ်။ တခြားအဖွဲ့အစည်းတွေကတော့ လာတာ မကြားသေးဘူး။ အခုလောလောဆယ်တော့ ကိုယ့်လူနဲ့ကိုယ်ပတ်ပြီး အလှူခံနေကြတာ။ ရေကတော့ ဆက်ကျဖို့ အခြေအနေမရှိသေးဘူး။ ရေက ဆက်တက်နေတယ်” ဟု ပုသိမ်မြို့ရှိ ဒေသခံတစ်ဦးက The Ladies သို့ ပြောသည်။

ပုသိမ်မြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်ထားရပြီး ပုသိမ်မြို့တစ်မြို့လုံးနီးပါး ရေကြီးလျှက်ရှိပြီး ပုသိမ်မြို့ရှိ ရပ်ကွက် ၅ တွင် ကလေးနှစ်ဦး ရေနစ်သေဆုံးပြီး သာပေါင်းမြို့တွင်လည်း လူတစ်ဦးသေဆုံးကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင် ရေမှာ ၂ ပေခန့် ပြန်ကျသွားသော်လည်း သြဂုတ်လ ၁၄ မှစ၍ မိုးသည်းထန်မှုနှင့်အတူ ရေပြန်တက်လာခြင်း ဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ အများဆုံး ဖြစ်ပေါ်လျက်ရှိရာ ကယ်ဆယ်ရေး အကူအညီများစွာ လိုအပ်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဓနုဖြူမြို့တွင်မူ ရေများပြန်ကျနေပြီဖြစ်သော်လည်း ကယ်ဆယ်ရေး အကူအညီများ လိုအပ်လျက်ရှိသောကြောင့် ရေဘေးဒုက္ခသည်များမှာ ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း ၂၃ ခုတွင်သာ ဆက်လက် နေထိုင်နေရသည်ဟု ဆိုသည်။

“ရေကြီးရေလျှံမူများကြောင့် ကယ်ဆယ်ထားရသော ဒုက္ခသည်များ အနေဖြင့် ရေပြန်လည်ကျဆင်းချိန်တွင် နေရပ်ပြန်သူများ ရှိသော်လည်း အများစုသည် နေထိုင်စားသောက်ရေး အခက်ခဲကြောင့် ကယ်ဆည်ရေး စခန်းများတွင် နေထိုင်နေရခြင်း ဖြစ်ပြီး ဓနုဖြူမြို့၌ ယခုနှစ် ရေကြီးရေလျှံဖြစ်ပေါ်တွင် ယမန်နှစ်က ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမူထက် ပိုမိုရေအားများခဲ့ပြီး အလှူရှင် မရောက်ရှိခြင်းတို့ကြောင့် ပိုမိုအခက်အခဲကြုံတွေ့ရကြောင်း” ဟု ဓနုဖြူမြို့၊ အရပ်ဖက် အဖွဲ့အစည်းတစ်ခုမှ ကိုအောင်ကျင်စိန်က ပြောကြားသည်။

ဇော်မင်းထွန်း ၊ ၀သန်
The Ladies News
http://www.theladiesnewsjournal.com/news/tue-2016-08-16-1653/2995



Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.