သန်း ၁၀၀ ချေးငွေ ဝန်ထမ်းလစာတိုးဖို့အတွက် မဟုတ်


pyitaungsu-hluttaw-620.jpg
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: Myanmar Union Parliament

ကမ္ဘာ့ဘဏ်ကနေ ချေးယူမယ့် အမေရိကန်ဒေါ်လာသန်း ၁၀၀ ဟာ အစိုးရ၀န်ထမ်းတွေကို လစာတိုးပေးဖို့ မဟုတ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာသန်း ၁၀၀ ချေးယူမယ့်ကိစ္စကို ရှင်းလင်းတင်ပြရာမှာ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း က ပြောကြားခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ကနေ ချေးယူမယ့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထဲက စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အတွက် ဒေါ်လာ ၇၅ သန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အတွက် ဒေါ်လာ ၂၅ သန်း ခွဲဝေသုံးစွဲမှာ ဖြစ်ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၀န်ထမ်းလစာ၊ စရိတ်၊ ပင်စင်ငွေပေးဖို့ အထောက်အပံ့အနေနဲ့ သုံးစွဲသွား မှာဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်ရဲ့ စွမ်းဆောင်ရည်မြင့်မားရေး၊ ၀န်ထမ်းတွေ အရည်အသွေးမြှင့် တင်ရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်ဖို့အတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။

အဲ့ဒီချေးငွေဟာ ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်နဲ့ အတိုးမဲ့ချေးတာဖြစ်ပြီး ၀န်ဆောင်ခအဖြစ် တစ်နှစ်ကို ၀ ဒသမ ၇၅ ရာခိုင်နှုန်း ပေးရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားအကူအညီနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှု ဗဟိုကော်မတီ မရှိသေးကြောင်း၊ နိုင်ငံ တကာချေးငွေကြောင့် တိုးတက်သွားတဲ့ နိုင်ငံမရှိကြောင်း၊ မြန်မာနိုင်ငံမှာ ချေးငွေများနေကြောင်း စတာတွေ ကို ထောက်ပြပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးကနေ ယူထားတဲ့ ချေးငွေ အမေရိကန် ဒေါ်လာ ၉ ဘီလီယံကျော် ရှိပါတယ်။

ချေးငွေရယူမယ့် စီမံကိန်း ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်တို့က ချေးငွေကို ခွင့်ပြုပေးသင့်ကြောင်း ရှင်းလင်း တင်ပြအပြီးမှာ ချေးငွေ ရယူသင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာမှာ ချေးယူသင့်တဲ့ဘက်က မဲများတဲ့အတွက် ပြည်ထောင်စု လွှတ်တော်က ချေးငွေကို အတည်ပြုပေးလိုက်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.