တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


မန္တလေးမြို့၊အောင်မြေသာစံမြိုနယ်၊ အိုးဘိုရပ်ကွက်တွင် ၀ါခေါင်လပြည့်ကျော် ၈ ရက်နေ့၌ တောင်ပြုန်းပွဲအကြိုအဖြစ် နှစ်စဉ်ကျင်းပသည့် အိုးပုတ်ပွဲတော်ကို သြဂုတ် ၁၁ ရက်နေ့တွင် ပြုလုပ်ရာ အထူးစည်ကားကြောင်း သိရသည်။

ယင်းပွဲတော်တွင် မြေနှင့်ပြုလုပ်သည့် ကလေးကစားစရာ အိုးဘုတ်များ သာမကမြေအသုံးအဆောင်ပစ္စည်းများ၊ ကျောက်ကတ်ပန်းများ ရောင်းချကြပြီး ပွဲတော်ရက်မတိုင်မီ ၅ ရက်လောက်မှ စတင်ရောင်းချကြခြင်းဖြစ်သည်။ “ရောင်းလာတာ နှစ် ၄၀-လောက်ရှိပါပြီ။


အမြတ်ရဖို့မဟုတ်ဘဲ ပျော်လို့ ရောင်းတာပါ။ မနက်ပိုင်းထက် မိုးချုပ်ရင် လူတအားစည်တယ်။ခြင်းလိုက်ဝယ်ပြီး ပြန်ရောင်းကြတယ်။မြေမီးဖုတ်ပြီးလုပ်တာဆိုတော့ ကွဲတာတွေနဲ့ ဆိုရင် မမြတ်ပါဘူး။”ဟု ပွဲတော်ပြုလုပ်ရာအနီး ကံသစ်ရပ်ကွက်မှ အသက် ၆၀ အရွယ်ရှိ ဒေါ်ဝင်းကြည်ကပြောသည်။


မြေနင့် ပြုလုပ်သည့် အိုးပုတ်များမှာ မြေပုဂံ၊ ရေနွေးကရား၊တိရစ္ဆာန်ရုပ်များနှင့် ပစ်တိုင်းထောင်ရုပ်များဖြစ်ကြပြီး အရောင်သွေးစုံချယ်ထားသည့် ကလေး ကစားစရာများကို ၆ ခုလျှင် ကျပ်ငါးရာဖြင့် ရောင်းချကြောင်းနှင့် ကျောက်ကတ်ပန်းများကို လည်း နစ်ခွေလျှင် ငါးရာကျပ်ဖြင့် ရောင်းချကြကြောင်း သိရသည်။

“ကျောက်ကတ်ပန်းက တောင်ပြုန်းမင်းနှစ်ပါး ရဲ့မယ်တော် ပုပ္ပါးမယ်တော် အထိမ်းအမှတ်နဲ့ ခေါင်းမှာ ပန်ကြတယ်။ ဒီအိုးဘုတ်ပွဲမှာတော့ အလှပန်ကြတာပါ”ဟု ကျောက်ပန်းရောင်းသူ မမိုးမိုး ကပြောသည်။


ပွဲတော်ရက်မတိုင်မီ အိုးပုတ်များကို ခြင်းကြီးတစ်ခြင်းလျင် ကျပ် ၂၅၀၀၀-ဖြင့် စစ်ကိုင်းမြို့နယ်အတွင်း ကျေးရွာများမှ လာရောက်ပို့ဆောင်ပေးကြောင်း၊ ယခင်က ဆေးရောင်ချယ်ခြင်းမရှိဘဲ နောက်ပိုင်းတွင် အိုးပုတ်များ ကို ဆေးရောင်စုံချယ်၍ ရောင်းချလာကြခြင်းဖြစ်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.