ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် ကျွေးမွေးချင်လို့ပါဆိုတဲ့ ပရဟိတရှေ့ဆောင်ဦးကျော်သူရဲ့ ပရဟိတလမ်းပြမှုတစ်ရပ်

ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာခြောက်တွေ ပေးကမ်းလှူဒါန်းနေမှုများစွာရှိသလို သွားရောက်လှူဒါန်းဖို့ ငွေကြေးနဲ့အဝတ်အထည်တွေအလှူခံမှုတွေလည်း အရပ် ဒေသများစွာရဲ့ လမ်းတိုင်း မီးပွှိုင့်တိုင်းမှာတွေ့နေရချိန်မှာပဲ
ပရဟိတရှေ့ဆောင်ဦးကျော်သူရဲ့ ပရဟိတလမ်းပြမှုတစ်ရပ် ကိုဒီကနေ့နံနက်ကတွေ့မြင်လိုက်ရပါတယ်။ အဲ့ဒါကတော့
ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် ကျွေးမွေးချင်လို့ပါဆိုတဲ့
ပရဟိတသမားဦးကျော်သူရဲ့ရေဘေးသင့်ပြည်သူများအပေါ် မေတ္တာစေတနာစကားသာမက အလုပ်နဲ့သက်သေပြမှုပါပဲ

ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ်ခေါက်ဆွဲကြော်ကြာဆံ ကြော်များအားအဟာရဒါနကြွေးမွေးနိုင်ရန်အတွက်နာ/ကူ ရန်ကုန်နဲ့အတူ ကျော်သူပရဟိတကွန်ရက်မှလုပ်အားပေး လူငယ်မောင်မယ်များက ဒီနေ့မနက်၅နာရီအချိန်ကတည်း ကလှိုင်မြို့နယ်သီရိမင်္ဂလာဈေးကြီးမှာ ဟင်းသီးဟင်းရွက် အလှူခံထွက်ခဲ့ကြပါတယ်။ ဒီလိုအလှူခံရာမှာ ငွေကြေး လုံးဝအလှူခံခြင်းမပြုဘဲ ဟင်းသီးဟင်းရွက်ရောင်းသူတို့ သဒ္ဓါပေါက်သလို လှူဒါန်းမှုကိုတစ်ဆင့်ပို့ဆောင်လှူဒါန်း ပေးဖို့ရည်ရွယ်ချက်လည်းပါကြောင်းဆိုပါတယ်။

ဒီနေ့နံနက်ဟင်းသီးဟင်းရွက်များသယ်ဆောင်လာကြတဲ့
မော်တော်ယာဉ်များအကြော်အလှော်ဆရာများလုပ်အားပေး ပရဟိတသမားများဟာ ဧရာဝတီတိုင်းမြန်အောင်နဲ့ကြံခင်း ရေဘေးသင့်ဒေသများဆီ ထွက်ခွါသွားပြီဖြစ်လို့ အဲ့ဒီဒေသ ကရေဘေးသင့် ပြည်သူတွေ မနက်ဖြန်မနက် နံနက်စာကို ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် စားသုံးရတော့မယ်လို့ ဝမ်းသာပီတီဖြစ်ဖွယ်ကြားသိ မြင်တွေ့ကြရမှုအတွက် သာဓု ခေါ်ဆိုလိုက်လိုပါတော့တယ်။ သာဓုသာဓုသာဓု…

The New Sky Media
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.