ထိုင်းမှာ အခြေခံဥပဒေသစ်ကို ပြည်သူ့ဆန္ဒ စတင်ခံယူ

သြဂုတ် ၇။ ။ ထိုင်းနိုင်ငံတ၀န်းက ပြည်သူတွေဟာ စစ်အစိုးရခန့်အပ်ထားတဲ့ကော်မတီတစ်ခုက ရေးဆွဲတဲ့ အခြေခံဥပဒေကို ဒီနေ့ သြဂုတ် ၇ ရက်မှာ ဆန္ဒမဲပေးခဲ့ကြပါတယ်။
စစ်တပ်ဟာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီးနောက် အခြေခံဥပဒေဟောင်းကို ပယ်ဖျက်လိုက်ပါတယ်။
သည်ဥပဒေကို လက်ခံလိုက်ရင် အခြေခံဥပဒေကတဆင့် ဒီမိုကရေစီအပြည့်အ၀ဖော်ဆောင်ဖို့ အဓိကခြေလှမ်းတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ အစိုးရကဆိုပါတယ် ။
ဒါပေမယ့် ဆန့်ကျင်သူတွေကတော့ ဆန့်ကျင်မဲပေးဖို့ နှိုးဆော်တာတွေကို ကန့်သတ်ထားတဲ့အတွက် အခု လူထုဆန္ဒခံယူပွဲ ဟာ မမျှတကြောင်း ပြောကြပါတယ်။
မြို့တော်ဘန်ကောက်က မဲရုံတစ်ရုံမှာ တဖြည်းဖြည်းသာ မဲလာပေးနေကြောင်း ဘီဘီစီသတင်းထောက် ဂျိုနသန်ဟက်က ဆိုပါတယ်။
စာရင်းရှိ မဲဆန္ဒရှင် ၇၈၅ ယောက်အနက် မဲရုံဖွင့်ပြီးတစ်နာရီအတွင်း အယောက် ၃၀ လောက်သာ မဲလာထည့်သေးတယ်လို့ သူက ပြောပါတယ်။

'ထိုင်းတွေ ဘာကို မဲထည့်ကြမှာလဲ'

သန်း ၄၀ သော မဲဆန္ဒရှင်တွေဟာ အခြေခံဥပဒေကြမ်းကို လက်ခံသလားဆိုတဲ့ မေးခွန်းအတွက် ထောက်ခံမဲ သို့မဟုတ် ဆန့်ကျင်မဲတစ်ခုကို ထည့်ရမှာပါ။
တကယ်လို့ အများစုက ထောက်ခံရင် ဥပဒေကြမ်းဟာ အတည်ဖြစ်ပြီး စစ်တပ်က နောက်နှစ်ရွေးကောက်ပွဲအထိ တရားဝင်အုပ်ချုပ်မှာဖြစ်ပါတယ်။
အခြေခံဥပဒေကြမ်းကို ဆန့်ကျင်ရင် ဖြစ်လာမှာတွေက မရေရာပေမယ့် စစ်အစိုးရက ဆက်လက်အုပ်ချုပ်နေဦးမှာတော့ သေချာပါတယ်။

'အခြေခံဥပဒေကြမ်းမှာ အဓိကအပြောင်းအလဲက ဘာတွေလဲ'

နှစ်ပေါင်းများစွာ မတည်ငြိမ်မှု၊ နိုင်ငံရေးကွဲပြဲမှုတွေ ဖြစ်နေတာက လာဘ်စားတဲ့နိုင်ငံရေးသမားတွေကြောင့်လို့ စစ်တပ်က ပြောပါတယ်။
မတ်လမှာ အများပြည်သူကို ထုတ်ပြန်တဲ့ဥပဒေကြမ်းအတွင်း နိုင်ငံရေးပါတီတစ်ခုတည်းက အများဆုံးချုပ်ကိုင်ဖို့ အလွန်ခက်အောင် လုပ်ထားပါတယ်။
အငြင်းပွားစရာအဖြစ်ဆုံး ဥပဒေတစ်ခုက အမတ် ၂၅၀ ပါ အထက်လွှတ်တော်ကို စစ်အစိုးရက အပြည့်အ၀ ရွေးချယ်ဖို့ဖြစ်ပါတယ်။ စစ်အာဏာမသိမ်းခင်က အထက်လွှတ်တော်ရဲ့တစ်ဝက်ကို တိုက်ရိုက်ရွေးကောက်ပြီး ကျန်တာကို ခန့်ထားခြင်းဖြစ်ပါတယ်။ အခုလိုဥပဒေအပြောင်းအလဲကြောင့် ထိုင်းအမျိုးသားလွှတ်တော်အတွင်း ရွေးကောက်ခံအမတ်တွေထက် စစ်အစိုးရခန့်ထားတဲ့အမတ်တွေက ပိုများနေမှာဖြစ်ပါတယ်။
ဝေဖန်သူတွေက အခုလိုအပြောင်းအလဲဟာစစ်တပ်ရဲ့သြဇာကို ကြီးမားစေပြီး နောက်ထပ် အနည်းဆုံး ၅ နှစ်လောက် ထိုင်းနိုင်ငံရေးကို စစ်တပ်က ထိန်းချုပ်ထားမှာဖြစ်ကြောင်း ပြောကြပါတယ်။

စုပြည့်စုံ

Kumudra
ref: BBC, Aug 7th
ပုံ ၁ - ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လက် မဲလာပေးစဉ်။

ပုံ ၂ - အာဏာသိမ်းခေါင်းဆောင်နဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ် မဲလာပေးစဉ်။

ပုံ ၃ - ထိုင်းစစ်သားများ မဲလာပေးစဉ်။

ပုံ ၄ - ထိုင်းပြည်သူများ မဲလာပေးစဉ်။
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.