ရန်ကုန်- မန္တလေးအမြန်လမ်းဘေး က ကျူးကျော်နေအိမ် ၄ ထောင်ကို ဖယ်ရှားမည်

uyukhaing-620.jpg မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်ကို သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arker/ RFA
ရန်ကုန်-မန္တလေး အမြန်လမ်းဘေးက မိုင်တိုင်အမှတ် ၃ မိုင် ၂ ဖာလုံကနေ ၅ မိုင် ၂ ဖာလုံ ကြားမှာရှိတဲ့ ကျူးကျော်နေအိမ် ၄ထောင်လောက်ကို မကြာခင်မှာ ဖယ်ရှားမယ်လို့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။

အဲဒီကျူးကျော်အိမ်တွေကို ရှင်းလင်းမယ့် အချိန်ကို အတိအကျ မသိရသေးပေမယ့် နေထိုင်သူတွေ အတွက် ပြင်ဆင်ချိန်ရအောင် ကြိုတင်အကြောင်းကြားမယ်လို့ ကျူးကျော်နေထိုင်သူတွေ နဲ့ ဒီကနေ့ တွေဆုံဆွေးနွေးပွဲမှာ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။

ကျူးကျော်နေထိုင်သူတွေကတော့ သူတို့နေထိုင်တဲ့ ဧရိယာကို ရွာမြေအဖြစ်သတ်မှတ်ပေးဖို့ အစိုးရကို လျှောက်ထားဆဲဖြစ်တဲ့အတွက် မဖယ်ပေးနိုင်သေးဘူး လို့ အောင်ရတနာရွာမှာနေတဲ့ ဦးစံထွန်းက ပြောပါတယ်။

ကျူးကျော်အိမ်တွေဟာ အမြန်လမ်းဘေးက အောင်ရတနာရွာ၊ ရတနာအောင်ရွာနဲ့ ကံ့ကော်ကျွန်း ကွက်သစ် စတဲ့ ရွာတွေမှာ တည်ရှိနေတာဖြစ်ပါတယ်။

အဲဒီနေရာမှာ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် အရင်အစိုးရလက်ထက်က မဟာမိတ်ကြယ်များကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။ မဟာမိတ်ကြယ်များကုမ္ပဏီဟာ အဲဒီမြေနေရာမှာ တန်ဖိုးနည်းအိမ်ရာ၊ တက္ကသိုလ် ၊ နိုင်ငံတကာအဆင့်မီ စာသင်ကျောင်း နဲ့ ဂေါက်ကွင်းတွေ ဆောက်လုပ်မှာဖြစ်တယ်လို့ မြို့ရွာ နဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောပါတယ်။

စီမံကိန်းနယ်မြေမှာ ကျူးကျော်နေထိုင်သူတွေကို ပြီးခဲ့တဲ့နှစ်ကုန်က ဖယ်ရှားခဲ့ပေမယ့် အစိုးရသစ်တက်ပြီးနောက်ပိုင်းမှာ ပြန်လည်ဝင်ရောက်နေထိုင်နေကြ တာဖြစ်ပါတယ်။

ကျူးကျော်နေထိုင်သူတွေထဲက တချို့ကို ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ KNU/KNLA (PC) က တပ်ဖွဲ့ဝင်တစ်ယောက်က မြေနေရာတွေ ရောင်းချ ထားတာဖြစ်ပြီး အဲဒီကိစ္စအတွက် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) က KNU/KNLA (PC) နဲ့ ဆွေးနွေးနေတယ်လို့လည်း ဦးယုခိုင်က ပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.