ဂိမ်းကစားနေလို့  မိမိခလေး ရေကန်ထဲကျသွားတာကို မသိလိုက်တဲ့ မိခင်


P0sted on 17August 2016

ဗီရက်နမ် နိုင်ငံ ဒါလပ် Da Latမြို့ က Xuan Huong Lake ရေကန်ကြီး နဘေးမှာ Pokémon GO.ဂိမ်း ကိုဖုန်းနဲ့ မဲကစားနေတဲ့ မိခင်တစ်ဦးဟာ ရေကန်မှာ လေပြင်းတွေ တိုက် လာပြီး သူမ ခလေး ရေကန်ထဲ လွှင့်ကျသွားတာကို မသိလိုက်လို့  နဘေးက မြင်တွေ့ ရတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့် ခ၇ီးသည်တွေက ခလေးကို ၀ိုင်းကယ်တင်ပေးခဲ့ရကြောင်း ဗီရက်နမ်ဆိုင်ရာ ပြည်တွင်း သတင်းမှာ ဖေါ်ပြ ထားပါတယ်။

နောက်ပိုင်းမှာ ရဲတွေက အန္တရယ်ရှိတဲ့ နေရာတွေမှာ လုံခြုံရေးယူပေးနေကြောင်း သိရပါတယ်။


ကမ္ဘာကြီးကို ကိုင်လှုပ်နေတဲ့ Pokémon GO ဂိမ်းကို ကစားနေသူ ပေါင်း သန်း၁၀၀ကျော်နေပြီဖြစ်ပါတယ်၊ထိုင်းနိုင်ငံမှာ ဂိမ်းစပေါ်ခဲ့တဲ့ ပထမလမှာတင် ဘတ်သန်း( ၂၀၀ )အကျိုးအမြတ်ရသွားခဲ့ပါတယ်။

စီးပွားရေးသမား တွေကလည်း အပြိုင်အဆိုင် ကြောငြာထုတ်ပြီး လူတွေပိုပြီး ဂိမ်းကစားကြအောင် နည်မျိုးစုံနဲ့  ဆွယ်နေကြတာလည်း တွေ့ ရပါတယ်။


ခေတ်ရေစီးကြောင်း တခုမို့  အချိန်ပိုနေတဲ့သူတွေဂိမ်းထဲ မျောနေကြတာ မဆန်းပေ မယ့် ဆိုင်ကယ်စီးရင်း ကားမောင်းရင်း မိမိအန္တရယ်ဖြစ်တဲ့အထိ အစွန်းရောက် ကစားနေကြတာတွေကို တော့ အသိတရားနဲ့  သတိထားကြစေချင်ပါတယ်။

Social Action for Women - SAW
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.