"ရီယိုအိုလံပစ်ဘောလုံးပြိုင်ပွဲစတင်ပြီ"

ဘရာဇီးလ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတော့မယ့် ရီယိုအိုလံပစ်ပြိုင်ပွဲရဲ့ တရားဝင်ဖွင့်ပွဲကို လာမယ့်သောကြာနေမှာစတင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အိုလံပစ်ဘောလုံးပြိုင်ပွဲတွေကတော့ ဒီကနေ့မှာဘဲစတင်မှာဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆သင်းပါဝင်ပြီး အိမ်ရှင်ဘရာဇီးလ်၊ လက်ရှိချန်ပီယံ မက္ကဆီကိုနဲ့ နာမည်ကြီးအသင်းတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဂျာမနီ၊ နိုက်ဂျီးယားတို့ပါဝင်ကြပါတယ်။

"အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စုတွင်းပါဝင်တဲ့အသင်းတွေကတော့..."

*အုပ်စု (A) - ဘရာဇီးလ်၊ တောင်အာဖရိက၊ အီရတ်၊ ဒိန်းမတ်
*အုပ်စု (B) - ဆွီဒင်၊ ကိုလံဘီယာ၊ နိုက်ဂျီးရီးယား၊ ဂျပန်၊
*အုပ်စု (C ) - ဖီဂျီ၊ တောင်ကိုရီးယား၊ မက္ကဆီကို (လက်ရှိချန်ပီယံ)၊ ဂျာမနီ
*အုပ်စု ( D) - ဟွန်ဒူးရက်စ်၊ အယ်ဂျီးရီးယား၊ ပေါ်တူဂီ၊ အာဂျင်တီးနား တို့ပါဝင်ခဲ့ ကြပါတယ်။

"အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ အုပ်စုတွင်းပါဝင်တဲ့အသင်းတွေကတော့..."

*အုပ်စု (E) - ဘရာဇီးလ်၊ တရုတ်၊ ဆွီဒင်၊ တောင်အာဖရိက
*အုပ်စု (F) - ကနေဒါ၊ သြစတြေးလျ၊ ဇင်ဘာဘွေ၊ ဂျာမနီ
*အုပ်စု (G) - အမေရိကန် (လက်ရှိချန်ပီယံ)၊ နယူးဇီလန်၊ ပြင်သစ်၊ ကိုလံဘီယာ တို့ပဲဖြစ်ပါတယ်။

အမျိုးသားပြိုင်ပွဲတွေကို မနက်ဖြန်မှာစတင်ကစားမှာဖြစ်ပေမယ့် အမျိုးသမီး ပွဲတွေကိုတော့ ဒီကနေ့ညမှာစတင်မှာပါ။ အဖွင့်ပွဲကို ဆွီဒင်နဲ့ တောင်အာဖရိက တို့ မြန်မာစံတော်ချိန် ည ၁၀နာရီခွဲမှာစတင်မှာဖြစ်ပါတယ်။
အမျိုးသမီးအဖွင့် ပွဲစဉ်တွေကတော့.... ဒီကနေ့ညပိုင်းကနေ မနက်ဖြန်နံနက် ပိုင်း အထိကစားကြမှာဖြစ်ပါတယ်။

*အုပ်စု (E)
ဆွီဒင် - တောင်အာဖရိက ( မြန်မာစံတော်ချိန်- ည ၁၀နာရီခွဲ)
ဘရာဇီးလ် - တရုတ် ( မြန်မာစံတော်ချိန် - နံနက် ၁နာရီခွဲ)

*အုပ်စု (F)
ကနေဒါ - သြစတြေးလျ ( မြန်မာစံတော်ချိန် - နံနက် ၁၂နာရီခွဲ)
ဇင်ဘာဘွေ - ဂျာမနီ ( မြန်မာစံတော်ချိန် - နံနက် ၃နာရီခွဲ)

*အုပ်စု (G)
အမေရိကန် - နယူးဇီလန် ( မြန်မာစံတော်ချိန် - နံနက် ၄နာရီခွဲ)

"အမျိုးသားပြိုင်ပွဲအဖွင့်ပွဲစဉ်တွေကတော့....ကြာသာပတေးနေ့ညနဲ့ သောကြာနေ့နံနက်ပိုင်းအထိကစားကြမှာဖြစ်ပါတယ်။"

*အုပ်စု (A)
အီရတ် - ဒိန်းမတ် ( မြန်မာစံတော်ချိန် - ည ၁၀နာရီခွဲ)
ဘရာဇီးလ် - တောင်အာဖရိက ( မြန်မာစံတော်ချိန် - နံနက် ၁နာရီခွဲ)

*အုပ်စု (B)
ဆွီဒင် - ကိုလံဘီယာ ( မြန်မာစံတော်ချိန် - နံနက် ၄နာရီခွဲ)
ဂျပန် - နိုက်ဂျီးရီးယား ( မြန်မာစံတော်ချိန် - နံနက် ၇နာရီခွဲ)

*အုပ်စု (C)
မက္ကဆီကို - ဂျာမနီ ( မြန်မာစံတော်ချိန် - နံနက် ၂နာရီခွဲ)
ဖီဂျီ - တောင်ကိုရီးယား ( မြန်မာစံတော်ချိန် - နံနက် ၅နာရီခွဲ)

*အုပ်စု (D)
ဟွန်ဒူးရက်စ် - အယ်ဂျီးရီးယား ( မြန်မာစံတော်ချိန် - နံနက် ၁၂နရီခွဲ)
ပေါ်တူဂီ - အာဂျင်တီးနား ( မြန်မာစံတော်ချိန် - နံနက် ၃နာရီခွဲ) တို့မှာကစား ကြမှာဖြစ်ပါတယ်။

BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.