ဂျကာတာ၊ သြဂုတ်-၅
အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အရ သောကြာနေ့က ဘန်တမ်ကျွန်းပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသား ၆ယောက်ကို စင်္ကာပူကို တိုက်ခိုက်ရန်ကြံစည်မှုဖြင့် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
စင်္ကာပူအခြေစိုက် Todayonline.com၏ ပြောကြားချက်အရ အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ၆ယောက်မှာ ဘန်တမ်ကျွန်းပေါ်မှနေ၍ စင်္ကာပူနိုင်ငံ မရီနာဘေး (Marina Bay)ကို ဒုံးကျည်ဖြင့် ပစ်ခတ်ရန် ကြံစည်နေပုံရသည်ဟု ဆိုသည်။
အသက် ၁၉နှစ်မှ ၄၆နှစ်ကြားရှိသည့် သံသယရှိသူများကို သောကြာနေ့ နံနက်ခင်းက အင်ဒိုနီးရှား၏ အဆင့်မြင့် အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဖြစ်သည့် အထူးတပ်ဖွဲ့ ၈၈က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ နားလည်သလောက်ကတော့ သူတို့က ရဲတပ်ဖွဲ့ရုံးတွေအပါအ၀င် အရေးကြီးတဲ့ အရာဝတ္ထုတွေ၊ လူစည်ကားတဲ့နေရာတွေကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတာပါပဲ”ဟု ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် အာဂတ်စ် ရီယင်တိုက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ ဆီးရီးယားက အိုင်အက်စ် အကြမ်းဖက်သမားတစ်ယောက်အပါအ၀င် သံသယရှိသူ ၆ယောက်တို့ဟာ ဘာတမ်ကနေ စင်ကာပူကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတာကို သတင်းရရှိခဲ့ပါတယ်”ဟုလည်း ၄င်းက ပြောကြားခဲ့သည်။
ဘန်ကောက်ပို့စ်
AM
china.com Myanmar
https://www.facebook.com/china.com.mm/
COMMENTS