"ပုဂံကို နှစ်နှစ်ကာကာ ချစ်တဲ့ အမေ"

၁၉၇၅ခုနှစ် ငလျင်မှာ
ပျက်စီးခဲ့တဲ့ ပုဂံဘုရားတွေကို
စစ်အစိုးရကဦးဆောင်ပြီး
၁၉၉၀ မှာပြုပြင်ခဲ့ပါတယ် ...

တကယ်ကတော့
UNESCO ရဲ့
ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်
စာရင်းထဲပါဝင်ဖို့ ရည်ရွယ်ပြီး
အချိန်နည်းနည်းလေးမှာ
အလျင်အမြန်လက်ပူတိုက်ပြီး
ပြင်ခဲ့ကြတာပါ ...

...........

ဘုရားပစ္စည်း
ဘုရားအတွက်ရည်ရွယ်တဲ့
အလှုထဲကတောင်
မကြောက်မရွံ ခိုးစားလိုက်ကြပုံကတော့ ...

သံချောင်းသံပိုက်လုံးနဲ့
ခိုင်ခန့်အောင် အားဖြည့်ရမဲ့နေရာမှာ
PVCပိုက်နဲ့ အစားထိုးခဲ့ကြသလို ...။

ပုဂံလက်ရာ အရည်အသွေးမြင့်
အုပ်ချပ်တွေအစား ..
ခေတ်ပေါ်လက်ရိုက်အုတ်တွေ
အစားထိုးခဲ့ကြတယ် ...။

အုတ်တစ်ချပ်နဲ့ တစ်ချပ်ကြား
အပ်ထိုးလို့မရအောင် စေ့နေတဲ့
ပုဂံခေတ်ရဲ့
လျှို့ဝှက်သရိုးကိုင်နည်းအစား ...
ဘိလပ်မြေနဲနဲ သဲခပ်များများ
အင်္ဂတေကိုသုံးပြီး
ပြီးစလွယ်ပြန်ပြင်ခဲ့ကြပါတယ် ...။

နောက်ပြီး
ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်
ယဉ်ကျေးမှု နယ်မြေတွေမှာ ရှိသင့်တဲ့
စံချိန်စံညွှန်းတွေကို မလိုက်နာဘဲ
ပြင်ချင်သလိုပြင်ခဲ့တဲ့အတွက်
UNESCOရဲ့
World Heritage Site စာရင်းထဲမှာ
ပါမလာခဲ့ပါဘူး....

..........

ယခုလို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်တော့မဲ့အခါမှာ
အရင်လူတွေလုပ်သလို
ပြီးလွယ်စီးလွယ် ထပ်လုပ်မယ်ဆိုရင်
ရှေးဟောင်းမြို့တော်ပုဂံရဲ့တန်ဖိုးဟာ
ကျသထက်ကျတော့မှာပါ ....

ဒါကြောင့်
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က
"အလျင်စလိုမပြင်ပါနဲ့။
အချိန်ယူပါ။
UNESCO က
ပညာရှင်တွေနဲ့တိုင်ပင်ပြီးမှ
ရှေး အနုပညာလက်ရာတွေကို
မပျောက်ပျက်အောင်
တတ်နိုင်သမျှ
ထိန်းသိမ်းပြီး ပြင်ဆင်ပါ"လို့
သာ/ယဉ်ဝန်ကြီးကို
ညွှန်ကြားချက်ပေးခဲ့တာပါ ...။

တပြိုင်နက်ထဲမှာဘဲ
ကုလသမဂ္ဂ ပညာရေး သိပွံနဲ့ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) ကို လှမ်းပြီး အကူအညီတောင်းလိုက်တဲ့အတွက် ...

အခုဆိုရင် အဲ့ဒီအဖွဲ့ကြီးက
ငွေကြေးရော နည်းပညာပါ
ထောက်ပံ့ကူညီမယ်လို့
ကြေငြာလိုက်ပြီမဟုတ်ပါလား ....။

..........

ပညာတတ်ပြီး
အမြော်အမြင်ကြီးမားတဲ့ ...
သွက်သွက်လက်လက် မြန်မြန်ဆန်ဆန်
စီမံခန့်ခွဲနိုင် ဆုံးဖြတ်ချက်ချနိုင်တဲ့ ...
ကမ္ဘာ့ အဖွဲ့အစည်းအသီးသီးအပေါ်မှာ
သြဇာလွှမ်းမိုးနိုင်တဲ့ ...
အမေစုလို
ခေါင်းဆောင်ကောင်းတစ်ယောက် ရထားတဲ့အတွက် ...

မြန်မာနိုင်ငံဟာ
ဘယ်လိုပဲ သဘာဝဘေးဒါဏ် ခံရပါစေ
ပြာပုံ အုတ်ပုံထဲကနေ ဇာမဏီငှက်လို
အမြဲပြန်ရုန်းထနိုင်မယ်ဆိုတာ
ယုံကြည်ထားပြီး
နိုင်ငံသားတိုင်း ညီညီညွတ်ညွတ်နဲ့
တဖက်တလမ်းက ကူညီကြရအောင်ပါ ....။

လှိုင်ထိပ်ထား
(၂၆.၈.၁၆)
.
Credit : လှိုင်ထိပ်ထား
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.