သြဂုတ် ၈ ရက်ကို “ မြန်မာနိုင်ငံဒီမိုကရေစီနေ့”အဖြစ် တရားဝင် သတ်မှတ်ပေးရန် ရှစ်လေးလုံး ၂၈ နှစ်မြောက် အခမ်းအနား ကျင်းပရေးကော်မတီက တိုက်တွန်း

 
 
မြန်မာ့နိုင်ငံရေးသမိုင်း၏ သမိုင်းဆိုင်ရာ ကြီးမြတ်မှုကို ပိုင်ဆိုင်ထားသည့် ရှစ်လေးလုံးနေ့ရက်ဖြစ်သော သြဂုတ်လ ၈ ရက်ကို “မြန်မာနိုင်ငံဒီမိုကရေစီနေ့”အဖြစ် တရားဝင်သတ်မှတ်ပေးရန်လိုကြောင်း နိုင်ငံတော်အစိုးရအား ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၈ နှစ်မြောက် အခမ်းအနား ကျင်းပရေးကော်မတီက တိုက်တွန်း အကြံပြုလိုက်သည်။
 

 ၂၈ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ဓမ္မပီယကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားက ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ပြီး ယင်းကဲ့သို့ တိုက်တွန်းအကြံပြုလိုက်ခြင်း ဖြစ်သည်။
 


မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကြီးမားသောသမိုင်းမှတ်တိုင် အလှည့်အပြောင်းတခုဖြစ်သည့် တပါတီအာဏာရှင်စနစ် ဖြုတ်ချရေး၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပေါ်လာခဲ့သည်မှာ ၂၈ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးတွင် ပေးဆပ်ခဲ့သော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ သမိုင်းပုံရိပ်သည် မြန်မာ့နိုင်ငံရေးသမိုင်း၏ ပုံရိပ်လည်းဖြစ်၍ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စိတ်ဓာတ်ခွန်အားလည်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လက်ရှိ နိုင်ငံရေးအခြေအနေအရ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် ၃ ရပ်ဖြစ်သော တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုထူထောင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန် (သို့) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရေး၊ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် ၃ ရပ်နှင့်အညီ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တူညီသော ရည်ရွယ်ချက်များအပေါ်တွင် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသား ပြည်သူများတရပ်လုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

လင်းလင်းအောင်.                                               News Watch စောင့်ကြည့်သတင်းဂျာနယ်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.