"အိုလံပစ်ပြိုင်ပွဲရဲ့ ပြေးခုန်ပစ်နောက်ဆုံးနေ့မှာ အမေရိကန် အသင်းရွှေ ၃ခုနဲ့အဆုံးသတ်"


အိုလံပစ်ပြိုင်ပွဲရဲ့ ပြေးခုန်ပစ်နောက်ဆုံးနေ့မှာ အမေရိကန်အသင်းက အသင်းလိုက် မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွေမှာ အသီးသီးဗိုလ်စွဲပြီး ရွှေတံဆိပ်ဆုတွေနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။ ၈ရက်ကြာကျင်းပတဲ့ ပြေးခုန် ပစ်အားကစားပြိုင်ပွဲတွေမှာ အမေရိကန်အသင်းက ရွှေတံဆိပ် ၁၃၊ ငွေတံဆိပ် ၉နဲ့ ကြေးတံဆိပ် ၉ခုရခဲ့ပြီးစုစုပေါင်း ၃၁ခုရခဲ့ပါတယ်။ ပြေးခုန်ပစ်ပြိုင်ပွဲတွေရဲ့ နောက်ဆုံးနေ့မှာ အမေရိကန်အသင်း မီတာ ၄၀၀ အသင်းလိုက် အမျိုးသား၊ အမျိုးသမီးနဲ့ အမျိုးသား မီတာ ၁၅၀၀ပြိုင်ပွဲတွေမှာရွှေရခဲ့ပါတယ်။

အာဖရိက နိုင်ငံသားတွေသာဗိုလ်စွဲလေ့ရှိတဲ့ မီတာ ၁၅၀၀အပြေးပွဲမှာ အမေရိကန်နိုင်ငံ သား မက်သရူးက လက်ရှိအိုလံပစ်ချန်ပီယံ အယ်ဂျီးရီးယားနိုင်ငံသား မာလူဖီကို အနိုင်ယူခဲ့တာဖြစ်ပြီး ဒါဟာ အမေရိကန်အတွက် ၁၉၀၄ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၁၁၂နှစ်အတွင်း မီတာ ၁၅၀၀ပြေးပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်တာဖြစ်ပါတယ်။ အမေရိကန်တာတိုပြေးမယ် အလက်ဆန်ဖိလစ်ကလည်း အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်းပြေးပွဲမှာ ချန်ပီယံဖြစ်ခဲ့လို့ အိုလံပစ်ပြိုင်ပွဲ တွေမှာ ၆ကြိမ်မြောက်ရွှေရခဲ့ပါတယ်။

ဂရိတ်ဗြိတိန်ရဲ့ တာဝေးအပြေးချန်ပီယံ မိုဖာရာကလည်း သူ့ရဲ့ မီတာ ၅၀၀၀ ချန်ပီယံဘွဲ့ကိုကာကွယ်နိုင်ခဲ့လို့ မီတာ ၅၀၀၀၊ ၁၀၀၀၀ပြိုင်ပွဲတွေရဲ့ နှစ်ကြိမ်ဆက် အိုလံပစ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ အမျိုးသား လှံတန်ပစ်ပြိုင်ပွဲမှာ ဂျာမနီနိုင်ငံသား သောမတ်စ်ရိုလာက မီတာ ၉၀.၃၀အထိပစ်နိုင်ခဲ့လို့ အိုလံပစ်ချန်ပီယံဖြစ်ခဲ့သလို အသက် ၄၀အရွယ်ရှိ စပိန်သူ ဘတီယာကလည်း အမျိုးသမီးအမြင့်ခုန်ပြိုင်ပွဲမှာရွှေရခဲ့ပါတယ်။ တောင်အာဖရိကသူ ကတ်စတာ ဆမန်ရာက မီတာ ၈၀၀မှာ ချန်ပီယံဖြစ်ခဲ့ပါ တယ်။ ဂျမေကာအသင်းကတော့ ပြေးခုန်ပစ်ပြိုင်ပွဲကနေ ရွှေ ၆၊ ငွေ ၃၊ ကြေး ၂နဲ့ စုစုပေါင်း ၁၁ဆုရခဲ့ပါတယ်။

စနေနေ့မှာ ကျင်းပခဲ့တဲ့ အခြားကစားပြိုင်ပွဲတွေမှာ ရုရှားက ရွှေ ၄ခုရခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူး နေမာဦးဆောင်တဲ့ အိမ်ရှင်ဘရာဇီးလ်အသင်းက ဂျာမနီကိုပင်နယ်တီအဆုံးအဖြတ်မှာနိုင်ပြီး ပထမဆုံး အိုလံပစ်ချန်ပီယံဖြစ်ခဲ့ ပါတယ်။

လက်ဝှေ့ပြိုင်ပွဲတွေမှာ ကျူးဘားက ရွှေ ၂ခုရပြီး ဂရိတ်ဗြိတိန်က နီကိုလာ အဒမ်က လန်ဒန်အိုလံပစ်မှာရခဲ့တဲ့ သူမရဲ့ ချန်ပီယံဆုကိုကာကွယ်နိုင် ခဲ့ပါတယ်။

ရီယိုအိုလံပစ်ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ ပိတ်ပွဲမတိုင်မီမှာ အမေရိကန်အ သင်းက ရွှေ ၄၃၊ ငွေ ၃၇၊ ကြေး ၃၆၊ စုစုပေါင်းဆုတံဆိပ် ၁၁၆ခုနဲ့ နိုင်ငံအလိုက် မှာ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ဂရိတ်ဗြိတိန်က ဒုတိယ၊ တရုတ်က တတိယနေရာတွေ ရှိနေပါတယ်။
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.