ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အကြီးအကဲ အဆောင်အယောင် ဖြင့် ကြို ဆိုမည်ဟု တရုတ်က ဆို

နောက်အပါတ်မှာ စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးရက်ကြာ တရုတ် ခရီးစဉ် သည် သူမ အာဏာရရျှိပြီးနောက် အာဆီယံ နိုင်ငံ ပြင်ပ သို့ ပထမဆုံး ထွက်သညိ့ ခရီးစဉ် အဖြစ် တရုတ် သတင်းစာ များက ဂုဏ်ယူ ၀င့်ကြွားစွာ ရေးသား ခဲ့ကြပါတယ်။

သူမအား နိုင်ငံတော် အကြီးအကဲ အဆောင်အယောင် များ နဲ့ တခမ်းတနား ကြိုဆိုမှာ ဖြစ်ပြီး တရုတ်သမ္မတ စီရှင်နင့် နဲ့ ၀န်ကြီးချူ ပ် လီကာချန်း တို့ မှ လက်ခံတွေ့ ဆုံကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ် ပြည်တွင်းရှိ နိုင်ငံရေး လေ့လာ ဆန်းစစ်သူများက အမေရိကန်သို့ မသွားမီ တရုတ်ပြည်သို့ အရင်လာရန် ဒေါ်အောင်ဆန်းစုကြည်မှ ရွေုးချယ်ခဲ့ခြင်းသည် တရုတ်နိုင်ငံ အတွက် သံတမန် အောင်ပွဲ တရပ် ဖြစ်ပြီး သူမ၏ အစိုးရ လက်ထက်တွင် တရုတ်-မြန်မာ ဆက်ဆံရေး ပြင်းပြင်းထန်ထန် ထိခိုက်လာလိမ့်မည်ဟု ခန့် မှန်းပြောဆိုနေမှုများကို အဆုံးသတ် သွားစေခဲ့ပြီဟု သုံးသပ်ခဲ့ကြပါတယ်။

တရုတ်ပြည်ကို အခုလို အာဆီယံ ပြင်ပ နိုင်ငံများထဲမှ ပထမဆုံး အဖြစ် ရွေးချယ်ခဲ့ခြင်းသည်ကပင် မိမိယုံကြည်သော အယူဝါဒ ထက် နိုငိငံ အကျိုးစီးပွားကို ဦးထိပ်ထားခဲ့သည့် လက်တွေ့ ကျသော နိုင်ငံရေး သမား တဦး ဖြစ်သည်ဟု ရေးသားခဲ့ကြပါတယ်။

မြန်မာ ပြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် တရုတ်ရဲ့ အခိုင်အမာ ထောက်ခံမှု ရရှိရန် ရည်ရွယ်သော ခရီးစဉ် ဖြစ်ပြီး မိမိတို့ မှ အမေရိကန်တို့ လုပ်မပေးနိုင်သော နည်း ဖြင့် အကူ အညီ ပေးနိုင်တယ်လို့ ဆိုပါတယ်။

ထို့အပြင် နှစ်နိုင်ငံ ဆက်ဆံရေး လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေး ကိုသာ ပဓာန ထားပြီး ဆွေးနွေးကြမည် ဖြစ်ကာ မြစ်ဆုံအရေး ကို ဦးစားပေးထား ဆွေးနွေး မည် မဟုတ်လို့ တရုတ်က ကြိုတင် ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

HSW (Hla Soewai)
.
ကိုးကား။ ။ The Global Times (China)
BrainWave ဉာဏ်လှိုင်း
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.