ငြိမ်းချမ်းရေးမရသေးခြင်းမှာ ပြည်ထောင်စုသားများ၏ ရုပ်ပိုင်း ၊ စိတ်ပိုင်းလိုအပ်ချက်များ မဖြည့်ဆည်းပေးနိုင် ၍ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



ငြိမ်းချမ်းရေးမရသေးခြင်း၏ အကြောင်းအရင်းသည် ပြည်ထောင်စုသားအားလုံး၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်၍ ဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးပွဲကော်မတီ(UPDJC)၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးသည် တိုင်းပြည်အတွက် အဓိကအရေးကြီးသော်လည်း စီးပွားရေးဖွဲ့ဖြိုးမှုအတွက် လျစ်လျူရှုထားမည်မဟုတ်ကြောင်း၊ စီးပွားရေးတိုးတက်မှုများကိုလည်း ငြိမ်းချမ်းရေးမရရှိဘဲ ထိန်းသိမ်းထားနိုင်မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ရေရှည်မှာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုစီးပွားရေး တိုးတက်မှုကိုမှ ကျွန်မတို့ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ စီးပွားရေးဘက်က ဘယ်လောက်ပဲ တိုးတက်တိုးတက်၊ ငြိမ်းချမ်းရေးပြိုပြီဆိုတာနဲ့ ဒီတိုးတက်မှုတွေကလည်း ပြိုသွားနိုင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစိုးရသစ်အနေဖြင့် တိုင်းပြည် စီးပွားရေးမူဝါဒများကို ထုတ်ပြန်ထားပြီးဖြစ်ကာ အဆိုပါ မူဝါဒများအပေါ် ဝေဖန်မှုတချို့လည်း ရှိသည်။ အစိုးရသစ်၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒနှင့်ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးတွင် ထပ်မံပြောဆိုခဲ့သေးသည်။

“အတိတ်တုန်းက အဆိုးတွေကို ပယ်ဖျက်ပြီးတော့ အနာဂတ်ကို ချီတက်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ညီညီညွတ်ညွတ်၊ ယုံယုံကြည်ကြည်နဲ့ ချီတက်နိုင်အောင်လို့ ဘယ်လို လုပ်ရမယ်ဆိုတာ ဝိုင်းပြီးတော့ စဉ်းစားပေးကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံညီလာခံကျင်းပမည့် နေ့ရက်အတည်ပြုခြင်း၊ ညီလာခံဖွင့်ပွဲ၊ ညစာစားပွဲနှင့် ဖိတ်ကြားမည့် အစီအစဉ်များ အတည်ပြုခြင်း၊ ညီလာခံတွင် ဆွေးနွေးမည့် အစီအစဉ်များ အတည်ပြုခြင်းနှင့် ညီလာခံကျင်းပရေး ပူးတွဲကော်မတီဖွဲ့စည်းရေး အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

The Ladies News
Photo - တိုင်းရင်းသား ကိုယ်စားလှယ်များကို နှုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည်
http://www.theladiesnewsjournal.com/news/mon-2016-08-15-1415/2974
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.