ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ပွဲ ပါတီတွေ ကန့်ကွက်

lost-parties-statement-620.jpg
ရန်ကုန်မြို့ NRPC ရုံးမှာ သြဂုတ်လ ၂၃ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်များရဲ့ ကြေညာချက်ကို တွေ့ရစဉ်
Photo: RFA
၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့အတွက် ရွေးကောက်ပွဲ အနိုင်မရတဲ့ နိုင်ငံရေးပါတီ ၇၀ ကိုယ်စားပြုပြီး ၅ ဦး တက်ရောက်ဖို့အတွက် ဒီကနေ့ ရွေးချယ်ပွဲကျင်းပရာမှာ နိုင်ငံရေးပါတီတွေက ကန့်ကွက်လိုက်ပါတယ်။

ရန်ကုန်မြို့ ရွှေလီလမ်းက NRPC ရုံးမှာ နိုင်ငံရေးပါတီ ၇၀ ကိုယ်စား တက်ရောက်မယ့် ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ပွဲမှာ ပါတီတွေက ကန့်ကွက်လိုက်တာဖြစ်တယ်လို့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ဥက္ကဌ ဦးစောသန်းမြင့် က ပြောပါတယ်။

"ကျွန်တော်တို့က နိုင်ငံရေးပါတီဖြစ်တယ်။ နိုင်ငံရေးပါတီကို တစ်ခြားအစုအဝေးဖြစ်တဲ့ ပါဝင်သင့် ပါဝင်ထိုက်သူ အစုအဖွဲ့မှာ ထည့်တယ်ဆိုတာ နိုင်ငံရေးပါတီကို လုံးဝ နှိမ်ချလိုက်တာဖြစ်တယ်။ ကျွန်တော်တို့က ညီလာခံကို ကန့်ကွက်တာမဟုတ်ဘူး။ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးအစုအဖွဲ့မှာ မဟုတ်ဘဲ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့မှာ ၅ ယောက်ပဲ ပါဝင်ရမယ်ဆိုတဲ့ အဲ့ဒီမူကိုကန့်ကွက်တာပါ"

ဒီနေ့ NRPC ရုံးမှာကျင်းပတဲ့ ကိုယ်စားလှယ် ၅ ဦးရွေးချယ်ပွဲကို ပါတီ ၃၀ ကျော်က ကိုယ်စားပြုသူတွေ တက်ရောက်ခဲ့ကြပြီး အားလုံးက ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာကျင်းပမှာဖြစ်ပြီး ၅ ရက်ကြာကျင်းပသွား မှာ ဖြစ်ပါတယ်။

RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.