အလုံပိတ်ခန်းများဖြင့် ရောင်းချသည့် တရားမ၀င် ကော်ဖီဆိုင် ၄ ဆိုင်အား မန္တလေးတွင် ရှောင်တခင်ဝင်ရောက်ဖမ်းဆီး


မန္တလေး သြဂုတ် ၃၁

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်အတွင်း အလုံပိတ်ခန်းများ ဖြင့် တရားမ၀င် ကော်ဖီဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆိုင် ၄ ဆိုင်အား ယနေ့သြဂုတ် ၃၁ ရက်နံနက် ၉ နာရီကျော်ခန့်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများပူးပေါင်း၍ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးလိုက်ပြီး ဆိုင်ခန်းပိုင်ရှင်နှင့်မန်နေဂျာအသီး သီးတို့အား စည်ပင်အထူးတရားရုံးတွင် တရားစွဲဆို ထားကြောင်းသိရသည်။

“ကျောင်းသားလူငယ်တွေ လမ်းမှားမရောက်အောင်လို့ ကျွန်တော်တို့ဖမ်းဆီးနေရတာပါ၊ မနှစ်ကစပြီးဖမ်းခဲ့တာ ဒီနှစ်အတွက် down town ဧရိယာမှာ ဒါပထမဦးဆုံးဖမ်းလိုက်တာပါပဲ၊ နောက်ထပ်လည်း သတင်းပေးတာပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်လည်းစုံစမ်းပြီးဆက်ဖမ်းသွားမှာပါ၊ ခွင့်ပြုချက်မရှိဘဲနဲ့ ကော်မတီကတားမြစ်ထားတဲ့လုပ်ငန်းကိုလုပ်နေလို့ စည်ပင်ဥပဒေနဲ့အရေး ယူသွားမှာပါ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး) မှ တပ်ဖွဲ့မှူးရဲမှူးငြိမ်းချမ်းအောင်က china.com myanmar သို့ပြောကြားသည်။


သတင်းအရ၀င်ရောက်ဖမ်းဆီးလိုက်သည့် Cupid ၊ Cafe 58 ၊ ဆုံနေကျ၊ ထူးခြား ဆိုင် ၄ ဆိုင်အနက် ထူးခြားနှင့် Cupid တို့မှာ တစ်ဦးတည်းပိုင်ဖြစ်ပြီး ၄င်းအား ချက်ချင်းဆိုသလို စည်ပင်အ ထူးတရားရုံး၌ တရားစွဲဆိုထားကြောင်း၊ Cafe 58 တွင် ပိုင်ရှင်ဖြစ်သူပြည်ပရောက်နေသဖြင့် မန်နေဂျာ ဖြစ်သူအား လတ်တလောတရားစွဲဆိုကာ ပိုင်ရှင်ဖြစ်သူအား ပြည်တွင်းသို့ပြန်လာရင်ခေါ်ယူထား ကြောင်း၊ ဆုံနေကျ ဆိုင်ပိုင်ရှင်နှင့်မန်နေဂျာတို့အား အလားတူ တရားစွဲဆိုထားကြောင်းသိရသည်။


၎င်းတို့အနေနှင့် စည်ပင်ဥပဒေပုဒ်မ ၁၁၈ အရ ငွေဒဏ် ၄ သောင်းမှ ၄ သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရ နိုင်ကြောင်းလည်း ရဲမှူးကဆိုသည်။

မန္တလေးမြို့တွင် ၂၀၁၅ ခုနှစ်လယ်ပိုင်းမှစတင်ကာ တရားမ၀င်အလုံပိတ်ခန်းများအား ပြည်သူ တိုင်ကြားချက်အပါအ၀င် စုံစမ်းသတင်းအရ၀င်ရောက်ဖမ်း ဆီးခဲ့ရာ ကန်တော်ကြီး ကန်ပတ်လမ်း နှင့်ရှမ်းလေးကျွန်းတို့တွင် ၂၀၁၅ ခုနှစ် ၇ လပိုင်းမှ ၂၀၁၆ ခုနှစ်အစောပိုင်းအထိ ၁၉ ဆိုင်၊ ရတနာပုံ တက္ကသိုလ် တောင်သမန်ကန်ပတ်လမ်းတစ်လျှောက် ၁၁ ဆိုင်တို့အား အမှုဖွင့်အရေးယူခဲ့ပြီး ယနေ့ဖမ်းဆီး အရေးယူမှုအပါအ၀င် စုစုပေါင်း ၃၄ ဆိုင် ၃၄ မှုရှိပြီဖြစ် ကြောင်းသိရသည်။

ဓာတ်ပုံ-မန္တလေးစည်ပင်ရဲတပ်ဖွဲ့
ကျော်ထွေး
china.com Myanmar
https://www.facebook.com/china.com.mm
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.