ဖိလစ်ပိုင်ထောင် တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး ၁၀ဦးသေ


ဖိလစ်ပိုင်ထောင် ပေါက်ကွဲမှု အတွင်း သေဆုံးသွားသူတစ်ဦးအား သယ်ထုတ်လာစဉ် (ဓါတ်ပုံ-အင်တာနက်)
    မနီလာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

    ဖိလစ်ပိုင်နိုင်ငံ Paranque မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ် ၁၁ရက်ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ တရုတ်လူမျိုးအကျဉ်းသား နှစ်ဦးအပါအဝင် လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း DZBB ရေဒီယို က ထုတ်လွှင့်ခဲ့သည်။

အကျဉ်းထောင် ရုံးအဆောက်အအုံပထမထပ် ရှိ ထောင်ကြီးကြပ်ရေးမှူး Gerald Bantag ၏ ရုံးခန်း၌ ည ၈း၃၀ ပတ်ဝန်းကျင် တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ နှင့် Paranque မြို့တော်ဝန် Edwin Olivarez ၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။

Bantag သည် ဗုံးစမှန်၍ ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

အကျဉ်းထောင် ဝင်းအတွင်း သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး ပေါက်ကွဲမှု ၃ခုထက်မနည်း ကြားခဲ့ရကြောင်း  အကျဉ်းထောင် အနီး နေထိုင်သူများက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့များသည် ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.