အစိုးရနှင့် ရုပ်ရှင်လောကသားများ ပူးပေါင်း၍ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် တစ်ခုပြုလုပ်မည်


မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် ရုပ်ရှင်လောကသားများပူးပေါင်း၍ ၂ ရက်တာဖိုရမ်ကို သြဂုတ် ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် Park Royal Hotel ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖိုရမ်သို့ ရုပ်ရှင်လောကသားများအားလုံး ပါဝင်ဆွေးနွေးနိုင်ရန် လုပ်ဆောင်ထားပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရှေ့နေများ တက်ရောက်ကြ မည်ဖြစ်သည်။

‘‘ဒီဖိုရမ်မှာ လက်ရှိရုပ်ရှင်လောကရဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ဆွေးနွေးကြမယ်။ ဒါဆိုရင် ရှေ့ဆက်ဆောင်ရွက်ရမယ့် လမ်းစဉ်ကို အစိုးရပိုင်းဆိုင်ရာက ပံ့ပိုးရမယ့်ကဏ္ဍတွေ ပါဝင်လာမှာဖြစ်တယ်။ ဒီလိုအဖြေရှာ ဆောင်ရွက်မှ အကောင်အထည်ဖော်မယ့် နေရာတွေမှာ အစိုးရက ပူးပေါင်းပါဝင်လာမှာပါ” ဟု မြန်မာ့ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ လူမင်းကပြောသည်။

အဆိုပါဖိုရမ်တွင် မြန်မာ့ရုပ်ရှင်လောကမှ ဇာတ်ကားရိုက်ကူးထုတ်လုပ်မှုများ၊ ရုပ်ရှင်ရုံပြသရေးစနစ်၊ ရုပ်ရှင်ရုံရှား ပါးမှု၊ ခိုးကူးပပျောက်ရေးနှင့် ဗီဒီယိုဈေးကွက်အခြေအနေ စသည်တို့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးမည်ဖြစ်ကြောင်း ဇာဂနာကပြောသည်။

‘‘ဒီဖိုရမ်မှာ ကျွန်တော်တို့ လိုအပ်ချက်တွေကို ဆွေးနွေးကြမှာပါ။ ကျွန်တော်တို့လိုအပ်တဲ့ စတူဒီယိုတွေ၊ တခြား ထုတ်လုပ်မှုအပိုင်း လိုအပ်ချက်တွေကို ဆွေးနွေးဖို့လိုပါတယ်။ ကျွန်တော်တို့မှာ အရင်ကရှိခဲ့တဲ့ စတူဒီယိုတွေ၊ ရုံ တွေ၊ ရုပ်ရှင်တွေက အစိုးရကသိမ်းလို့ ကုန်ပြီလေ။ ရုပ်ရှင်ရုံဆိုရင် (၄၀၀)ကျော်ရှိတာ။ အစိုးရကသိမ်းသွားတာ (၄၀)ပဲကျန်တော့တယ်။ အဲ့တော့ ကျွန်တော်တို့က ကိုယ့်ပစ္စည်း ကိုယ်ပြန်ရဖို့အတွက် ကိုယ့်မိန်းမကိုယ်ပြန်ခေါ်ဖို့ ကို တောင်းတောင်းပန်ပန် လုပ်နေရသလိုဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့လိုအပ်ချက်ကို ဖိုရမ်မှာလာ ပြောကြပါ။ လက်ဖက်ရည်ဆိုင်မှာပြောရင် လက်ဖက်ရည်ဆိုင်စကားဖြစ်မှာမို့ ဒီဖိုရမ်မှာ လိုအပ်တာကို လာပြော ကြပါ”ဟု ဇာဂနာကပြောသည်။

မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ကျင်းပနိုင်ရေးအတွက် အစည်းအဝေးကို သြဂုတ် ၁၀ ရက်၊ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

MMK
The Ladies News
http://www.theladiesnewsjournal.com/news/thu-2016-08-11-1028/2913
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.