အမြဲတန်းရှုံ့းတဲ့ပါတီဆိုတာ ကမ္ဘာမှာ မရှိဘူးလို့ ပြောရအောင် ခင်များတို့ လုပ်တတ်တာ ဘာရှိခဲ့လို့လဲ ??????

လျှပ်စစ်တွေ ထုတ်တယ်
ပြည်သူအများစု မသုံးခဲ့ရဘူး
.
ဆန်စပါးအများကြီး ထွက်တယ်
ပြည်သူတွေ ဝဝလင်လင်မစားခဲ့ရဘူး
.
တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ
ခြံစည်းရိုးမရှိခဲ့ဘူး
.
ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေခဲ့ရတယ်
ပြည်တွင်းမှာ အလုပ်အကိုင်ရှိအောင် လုပ်မပေးခဲ့ဘူး
.
စစ်သည်သုံးသိန်းကော်ရှိခဲ့တယ်
သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ခဲ့ဘူး
.
ပညာတတ်တွေ အများကြီးထွက်တယ်
ပြည်တွင်းမှာ အသုံးမချတတ်ခဲ့ဘူး
.
ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်
လမ်းတွေ မကောင်းခဲ့ဘူး
.
သံတွေထွက်တယ်
အပ်တစ်ချောင်းတောင် မလုပ်တပ်ခဲ့ဘူး
.
ရာဘာတောကြီး ရှိတယ်
တာယာကို နိုင်ငံခြားက ဝယ်ခဲ့ရတယ်
.
သယံဇာတတွေ အများကြီးထွက်တယ်
ကုန်ချော မလုပ်တတ်ခဲ့ဘူး
.
ရတနာတွေ အများကြီးထွက်တယ်
ပြည်သူတွေ အလှမဆင်နိုင်ခဲ့ဘူး
.
ပညာရေးနိမ့်ကျနေတယ်
ကောင်းကောင်း သင်ဖို့ စိတ်မကူးခဲ့ဘူး
.
ပင်လယ်ပြင်ကြီးရှိတယ်
ပင်လယ်စာကောင်းကောင်း မစားရခဲ့ဘူး
.
အုပ်ချုပ်ရေး ကစဥ့်ကလျားဖြစ်နေတယ်
တရားဥပဒေ စိုးမိုးအောင် မလုပ်ခဲ့ကြဘူး
.
အကျင့်ပျက်ချစားမှုတွေ များနေတယ်
ပိုင်ဆိုင်မှု ပြအောင်မလုပ်နိုင်ခဲ့ဘူး
.
ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်
မငြိမ်းချမ်းခဲ့ဘူး
.
အမှန်တရားရှိပေမဲ့
အမုန်းတရားနဲ့ အုပ်ချုပ်ခဲ့တယ်
.
မကျန်းမာတဲ့သူတွေ ရှိတယ်
ဆေးမကုနိုင်ခဲ့ဘူး
.
ရာသီဥတု ကောင်းခဲ့တယ်
စိုက်ပျိုးရေးမှာ အောက်ဆုံးက
.
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်
ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရခဲ့ဘူး
.
ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်
အရေးမယူခဲ့ဘူး
.
ကျွန်းသစ်တွေ အများကြီးထွက်တယ်
ပြည်သူအများစု တဲနဲ့နေခဲ့ရတယ်
.
ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံ နှစ်နိုင်ငံနဲ့ကပ်နေတယ်
ကုန်ချောပစ္စည်း ရောင်းမစားတတ်ခဲ့ဘူး
.
ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်
ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရခဲ့ဘူး
.
အမှားတွေ ထောက်အပြခံရတယ်
မပြင်ဆင်ခဲ့ကြဘူး
.
ဒီမိုကရေစီနိုင်ငံထူထောင်ခဲ့တယ်
အာဏာရှင် စိတ်ဓါတ်နဲ့
.
ကမ္ဘာကျာ် ခေါင်းဆောင်ရှိတယ်
အုပ်ချုပ်ခွင့် မပေးခဲ့ဘူး
.
ဒေါက်တာ အောင်ခင် Dr AungKhin
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.