၂၁ ရာစု ပင်လုံညီလာခံဟာ ကျနော်တို့ ယုံကြည်တဲ့ အစိုးရလက်ထက်မှာ မုချအောင်မြင်မယ်လို့ ယုံကြည်တယ် ---ကိုဂျင်မီ‬...

ပထမဦးဆုံး ဒီနေရာကနေပြီးတော့ ကျနော် ရက်ရက်စက်စက် စွပ်စွဲချင်တဲ့ အလုပ်တခုကို လုပ်ပါမယ်။ ဒီကနေ့ ကျနော်တို့ ရန်ကုန်မြို့မှာ ရေဘေးအတွက် အလှူ တွေ ခံကြတယ်။ ရေဘေးသင့်တဲ့ သူတွေကို သွားပြီး
ကူညီကြရတယ်။ မနှစ်က ကလေး မြို့နယ် တစ်ဝိုက်မှာ မိုးရွာတဲ့အတွက် တောင်ပေါ်က ရေတွေကြလာတယ် နှုံးတွေဆွဲချလာတယ်။
ကလေးမြို့တစ်ဝိုက်မှာ ရှစ်ပေထုလောက်ကြီးတဲ့ နှုံးမြေတွေ ဖုံးလွှမ်းသွား
တယ်။ နောင်လာမယ့် နှစ်တွေမှာလည်း ကျနော် တို့ ရင်ဆိုင်ကြရဦးမယ်။ အဲတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်ကြီး ပြတ်သုန်းသွားတာဟာ ကျနော်တို့ နိုင်ငံကြီး ရေရှားတဲ့ဘေး / ရေကြီးတဲ့ ဘေး ဘေးပေါင်းစုံ
အကုန်လုံးတွေ့နေတာတွေဟာ စစ်တိုက်နေတဲ့ သူတွေကြောင့်လို့
ကျနော် စွပ်စွဲပါတယ်။

တကယ်တော့ ပြန်စဉ်းစားကြည့်ရင် ကျည်ဆန်တွေ ဖြုန်းပြစ်လိုက်ကြတာပဲဗျာ့။ အမြှောက်တွေ ဖြုန်းပြစ်လိုက်ကြတာပဲ။ အမြှောက်တစ်လုံးရဲ့
တန်ဖိုးဟာ ငါးယောက်ရှိတဲ့ မိသားစုတစ်စု တစ်လလောက် ထိုင်စားလို့ရတယ်။ ကျည်ဆန်တစ်ထောင့်ရဲ့ တန်ဖိုးဟာ ကျနော်တို့ သားငယ်
သမီးတွေရဲ့ ခုနှစ်ရက်လောက် အာဟာရ ကျွေးလို့ရပါတယ်။
ပြန်စဉ်းစားကြည့်လိုက်ရင် နှစ်ပေါင်းခြောက်ဆယ်လောက် ဖြုန်းပြစ်လိုက်တဲ့ ကျည်ဆန် အမြှောက်တွေဟာ အဲဒါတွေ ဘယ်ကရလဲ ပြန်စစ်ကြည့်
လိုက်ရင် သစ်တောတွေကယူတယ်။ သစ်ပင် တွေကို ခုတ်တယ်။
အဲဒီ တောအုပ်တွေကို အပြောင် ရှင်းပြစ်ရာကနေပြီးတော့ ကျည်ဆန်တွေ အမြှောက်တွေ ဖြစ်လာတယ်။ အဲဒီသစ်တောတွေ မရှိတော့တဲ့
နောက်ပိုင်း ဘာတွေ ဖြစ်လာလဲ ဆိုရင် ရေကြီးလိုက်တာနဲ့ မိုးရွာလိုက်တာနဲ့ မြေတွေပြို တယ်။ ရေတွေ ကြီးတယ် သစ်တောတွေ မရှိတော့ဘူး။ အဲဒါဟာ လက်တွေ့ ဘဝတွေပဲ ။ သယံဇာတတွေ မရှိတော့ဘူး။
ဘာလုပ်လိုက်လည်းဆိုရင် ကျည်ဆန်တွေ အမြှောက်တွေ
လုပ်လိုက်တယ်။

အဲဒီတော့ ကျနော်တို့ တိုင်းပြည်ကြီး ဆင်းရဲမွဲတေမှု ကို ပြန်ပြီးတော့ ချုပ်လိုက်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်မှာ စစ်ပွဲတွေဖြစ်နေလို့ပါ။ အဲဒီ စစ်ပွဲတွေကို ကျနော်တို့တစ်တွေ ရပ်တန့်ဖို့ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံလို အမျိုးသားပြန်လည်သင့်မြတ်ရေး ညီလာခံဟာ အင်မတန်မှ အရေးကြီးပါတယ်။ နှစ်ပေါင်းသုံးဆယ် လောက် ကျနော်တို့ မျှော်လင့် တောင်းတခဲ့တဲ့
ညီလာခံ တခုလည်း ဖြစ်ပါတယ်။ အဲဒီ ညီလာခံ ကို ကျနော်တို့ ကြို ဆိုရပါလိမ့်မယ် ထောက်ခံရပါလိမ့်မယ်။ အားပေးရပါလိမ့်မယ်။ အဲဒီ ညီလာခံကနေပြီးတော့ စစ်တွေကို ရပ်စဲအောင် လုပ်နိုင်ပါလိမ့်မယ်။

ပထမအဆင့် စစ်ပွဲတွေကို ရပ်စဲလိုက်ခြင်းအားဖြင့် ကျည်ဆန်တွေ
မကုန်တော့ဘူးပေါ့။ ကျည်ဆန်တွေ မကုန်တော့ရင် ပိုက်ဆံတွေ
မကုန်တော့ဘူးပေါ့။ အဲဒီပိုက်ဆံတွေဟာ ကျနော်တို့တိုင်းပြည်အနာဂါတ်
ရဲ့ သားတွေသမီးတွေကို ကျွေးနိုင်တယ်။ ဘိုးဘွားတွေကို စောင့်ရှောက်နိုင်တယ်။ ကျနော်တို့ရဲ့ မြစ်ကြောင်းတွေကို ထိန်းသိမ်းနိုင်ပါတယ်။
သစ်တောတွေကို ပြန်ပြီးတော့ စိုက်နိုင်ပါတယ်။

ဒုတိယတချက်က စစ်ပွဲတွေကို ရပ်လိုက်ရင် သွေးထွက်သံယိုမှုတွေ
မရှိတော့ဘူး။ အသက်တွေမသေတော့ဘူးပေါ့။ ကိုယ့်အချင်းချင်းခြင်း
သတ်ရဖြတ်ရတဲ့ ကိစ္စတွေ ရပ်တန့်သွားနိုင်တာပေါ့။

တတိယတချက်ကျတော့ စစ်ဖြစ်လိုက်တိုင်း စစ်ဖြစ်လိုက်တိုင်း
ကလေးတွေနဲ့ အမျိုးသမီးတွေဟာ အထုတ်အပိုးတွေ ပိုက်ပြီး ဟိုပြေး
ဒီပြေး မပြေးရတော့ ဘူးပေါ့။ စစ်ရှောင်စခန်းတဲ့ ကြည့်စမ်းပါဦးဗျာ။
ရှောင်စခန်းတွေ ကျနော်တို့ တိုင်းပြည်မှာ များလာတယ်။ စစ်ရှောင်စခန်းတဲ့ ရေဘေးရှောင်စခန်းတဲ့ ပြန်စဉ်းစားကြည့်ကြပါ။

အဲတော့ မကြာသေးမီကာလက ကျနော်တို့ စစ်ရှောင် ကျောက်မဲမြို့ကို သွားခဲ့သေးတယ်။ စစ်ပွဲတွေကို ပြန်ကြည့်လိုက်တော့ ကျနော်တို့
တိုင်းရင်းသား လက်နက်ကိုင်တွေ တပ်မတော်နဲ့တင် မဟုတ်တော့ပဲနဲ့
တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတွေပါ တိုက်ကြတဲ့ တိုက်ပွဲတွေပါ ကြုံ ကြရတယ်။ အဲတော့ ပြောချင်တဲ့ အဓိပ္ပါယ်က စစ်ပွဲတွေ
တိုက်ပွဲတွေဖြစ်လိုက်တိုင်း နစ်နာတဲ့သူတွေဟာ ပြည်သူလူထုပဲဖြစ်တဲ့
အတွက် ၂၁ ရာစု ပင်လုံညီလာခံ အဲဒီကနေပြီးတော့ ငြိမ်းချမ်းရေးကို
ဖော်ဆောင်ပေးမယ်ဆိုတာ မမှားဘူး။

ကျနော်တို့ ပြည်သူတွေ ယုံကြည်ရမယ်။ ငြိမ်းချမ်းရေး ကို တောင်းဆိုရ
မယ်။ စစ်ပွဲတွေကို ရပ်ဆိုင်းရမယ်။ သွေးထွက်သံယိုမှုတွေကို ရပ်ဆိုင်းရ
မယ်။ အဲဒီအတွက် ဒီနေရာမှာ ကိုယ့်ဆန္ဒနဲ့အညီ လာရောက်စုဝေးနေတဲ့
အတွက် အရင့် အရင်က လူစုလူဝေးတွေထက်စာရင်အစပေါင်းတစ်ထောင်သာတဲ့ လူစုလူဝေးကြီးဖြစ်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

အဲတော့၂၁ ရာစု ပင်လုံညီလာခံဟာ တစ်ရက်ထဲနဲ့ ပြီးသွားမယ့် ကိစ္စတွေ မဟုတ်ပါဘူး။ ၂၁ ရာစု ပင်လုံညီလာခံဟာ ဘယ်ထိသွားမလဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအထိ သွားပါလိမ့်မယ်။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်မှ ငြိမ်းချမ်းရေးဆိုတာ
ရနိုင်ပါလိမ့်မယ်။ ငြိမ်းချမ်းရေးရမှသာလျှင် ကျနော်တို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ပါလိမ့်မယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဟာ ကျနော်တို့ လူမျိုးတွေ
အဓိက လိုအပ်တဲ့ အချက်လည်း ဖြစ်ပါတယ်။

ပြန်ပြီးချုပ်လိုက်ရင် ကျနော်တို့ တိုင်းပြည် ဒီကနေ့အထိ ဆင်းရဲမွဲတေနေတာတွေ ဖွံ့ဖြိုးမှုမရှိတာတွေ ငတ်မွတ်မှုဖြစ်နေတာတွေ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေတာတွေ စသဖြင့် အဲဒီ အရာရာအားလုံးဟာ နိုင်ငံတကာရဲ့ ရာသီဥတု ပြောင်းလဲလာတယ် ဆိုပေမယ့် လည်း ကျနော်တို့
နိုင်ငံရဲ့ ထူးခြားချက်ကတော့ စစ်ပွဲတွေကြောင့် ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

အဲတော့ စစ်ပွဲတွေကို ဘယ်ဖက်ကပဲတိုက်တိုက် ကျနော်တို့ အားပေးလို့
မရတော့ဘူး။ ယနေ့အချိန်မှာ ပိုပြီးအရေးကြီးတာကတော့ ပြည်သူလူထုကနေ တခဲနက် ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကနေပြီးတော့
ကြီးမှူးကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံဟာ ပြည်သူလူထုနဲ့ တစ်စိတ်တစ်ဝမ်းထဲဆိုတာပြရပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ခေတ်အဆက်ဆက်ကိုပြန်ကြည့်လိုက်မယ် ဆိုရင် ကျနော်တို့ အစိုးရဆိုတာ တခါမှ မရှိခဲ့ဘူးပါဘူး။ ကျနော် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲကနေပြီး အခုချိန်ထိ ကျနော်တို့ အစိုးရ ဆိုတဲ့ စကားကို သုံးနှုန်းပါတယ်။

ကျနော်တို့ တိုင်းသူပြည်သားတွေ နှစ်ပေါင်းများစွာ တောင်းတနေ
တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ပြန်ပြီး ယူကြရပါ လိမ့်မယ်။
တိုင်းသူပြည်သား တိုင်းရင်းသားပြည်သူတွေ လိုချင်နေတဲ့
ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ရပါလိမ့်မယ်။ ဒီအတွက် ၂၁ ရာစု ပင်လုံညီလာခံဟာသိပ်ကိုအရေးကြီးပါတယ်။ သတင်းထောက်တွေက
ကျနော့်ကို မေးပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံက အောင်မြင်မှာလားတဲ့ ။ ကျနော်က ရှင်းရှင်းလေးပဲ အပြတ်ပြောပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံဟာ ကျနော်တို့ ယုံကြည်တဲ့ အစိုးရလက်ထက်မှာ မုချအောင်မြင်မယ်လို့ ကျနော်ယုံကြည်တယ်။ ဘာ့ကြောင့်လည်း လို့ မေးရင် ယုံကြည်မှုက အဓိကပါပဲ။ ပြည်သူ လူထု မယုံကြည်လို့ရှိရင် ဘယ်အစိုးရမှ အလုပ်လုပ် လို့မရပါဘူး။ ကျနော်တို့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကိုယ်တော့ ယုံကြည်တယ်။လက်နက်ကိုင်တိုက်ပွဲတွေ ဘာလို့ဖြစ်လဲဆိုရင် ယုံကြည်မှုမရှိလို့ပါ။

ဒီကနေ့ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ကျနော်တို့အစိုးရလက်ထက်မှာ သံသယတွေ ဖြေဖျောက်ပြီး ယုံကြည်မှုကို အားကောင်းနေတဲ့ အချိန်မှာ အရယူရပါလိမ့်မယ်။ ဒါဟာ နောင်လာနောင်သားတွေ ကျနော်တို့လို ဒုက္ခတွေ မခံစားရအောင် ပြည်သူလူထုကနေပြီးတော့ ပါဝင်ဖို့
အခွင့်အလမ်းလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၁ ရာစုဟပင်လုံ ညီလာခံကို
အားလုံးတခဲနက် ဝိုင်းဝန်းကြိုဆိုထောက်ခံကြပါလို့ တိုက်တွန်းချင်ပါတယ်။

[၂၀၁၆ ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့ နံနက် ၁၀ အချိန်
ရွှေပြည်သာမြို့နယ်တွင် ကျင်းပပြုလုပ်သော (၂၁)ရာစု ပင်လုံညီလာခံအားထောက်ခံကြိုဆိုပွဲ ဟောပြောပွဲ၌ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်
ပွင့်လူ့အဖွဲ့အစည်းမှ ကိုဂျင်မီ ၏ ဟောပြောချက်များမှ ကောက်နှုတ်ချက်
ဖြစ်ပါတယ်။ ]

သတင်းဓါတ်ပုံ- မောင်သိန်း(ဒဿနိက)
၂၁.၈.၂၀၁၆

COMMENTS

Name

art,1,article,1301,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7326,interview,219,knowledge,8,Live,8,LocalNews,15664,news,2842,opinion,764,photos,203,poem,116,satires,39,song,12,speech,12,sports,139,statement,59,technic,55,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ၂၁ ရာစု ပင်လုံညီလာခံဟာ ကျနော်တို့ ယုံကြည်တဲ့ အစိုးရလက်ထက်မှာ မုချအောင်မြင်မယ်လို့ ယုံကြည်တယ် ---ကိုဂျင်မီ‬...
၂၁ ရာစု ပင်လုံညီလာခံဟာ ကျနော်တို့ ယုံကြည်တဲ့ အစိုးရလက်ထက်မှာ မုချအောင်မြင်မယ်လို့ ယုံကြည်တယ် ---ကိုဂျင်မီ‬...
https://3.bp.blogspot.com/-qur8JCRwW9E/V7mUo7ugeKI/AAAAAAAAYuA/jsYfMrEbFyYvJWtIxnV5j0N7RCsMxvbDACLcB/s1600/q1.jpg
https://3.bp.blogspot.com/-qur8JCRwW9E/V7mUo7ugeKI/AAAAAAAAYuA/jsYfMrEbFyYvJWtIxnV5j0N7RCsMxvbDACLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/08/blog-post_934.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/08/blog-post_934.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy