မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ၂၁ရာစုပင်လုံမှာပါဝင်ခွင့်ရရေး တိုင်းရင်းသားအမတ်တွေ ဒေါ်အောင်ဆန်းစုကြည် ထံစာပို့တောင်းဆို

၃၀၊သြဂုတ်၊ရန်ကုန်။

၂၁ ရာစု ပင်လုံညီလာခံအပါအ၀င် နောင်ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံတွေမှာ မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့ ပါဝင်တက်ရောက်ခွင့်ရရှိရေးအတွက် တအောင်းပါတီကိုယ်စားလှယ်တွေနဲ ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဒီကနေ့လက်မှတ်ရေးထိုး တောင်းဆိုထားတယ်လို့ သိရပါတယ်။

လတ်မှတ်ထိုးတောင်းဆိုသူတွေထဲမှာ တအောင်း(ပလောင်) အမျိုးသားပါတီနဲ့  ရခိုင်အမျိုးသားပါတီက ပြည်သူ့ လွတ်တော်နဲ့  အမျိုးသားလွတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း ၂၀ ခန့် ပါဝင်ခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော်( AA) စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကို မနက်ဖြန် ညီလာခံတက်ရောက်ဖို့ အစိုးရကဖိတ်ကြားထားတာ မရှိသေးတဲ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေ ထပ်မံဖြစ်ပွားလာမှာ စိုးရိမ်တယ်ဆိုတဲ့ အချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပေးပို့ တဲ့ တောင်းဆိုစာမှာ ထည့်သွင်းထားတယ်လို့  သိရပါတယ်။

” လွတ်တော်မှာ တိုင်းရင်းသားပါတီတွေအနေနဲ့  ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းထားတာရှိပါတယ်။အဲတော့ ဒီသုံးဖွဲ့ ကို လည်း ညီလာခံတက်ရောက်ဖို့  လက်မှတ်ထိုးတောင်းဆိုမယ်လို့  ပြောလာတယ်။အဲဒါကို ကျွန်တော်တို့ ကိုလည်း ပါဝင်ဖို့  ကမ်းလှမ်းလာတာကြောင့် ကျွန်တော်တို့ ဘက်ကလည်း ဒီအဖွဲ့ တွေကို ညီလာခံမှာ တက်ရောက်စေချင်တာကြောင့် ပါဝင်လိုက်တာပါ ” လို့  လက်မှတ်ရေးထိုး တောင်းဆိုသူတွေထဲမှာပါတဲ့ ရခိုင်အမျိုးသား ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ် ။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဟာ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် အစည်းအဝေး မှာ ပါဝင်ဖို့  ဖိတ်ကြားခံရခြင်းမရှိခဲ့ပါဘူး။ဒါ့အပြင် အဲသည်သုံးဖွဲ့  အနေနဲ့  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လိုပါက လက်နက်ကိုင် လမ်းစဉ်/နည်းလမ်း ကို အပြီးတိုင် စွန့်လွှတ်/ချုပ်ငြိမ်းလိုတဲ့ ဆန္ဒအပြည့်အဝ ရှိပါတယ်ဆိုတဲ့ ထုတ်ပြန် ချက် တစောင်ကို ထုတ်ပြန်ရမယ်လို့  တပ်မတော်က ပြောဆိုထားပါတယ်။
Author/ ချမ်းသာ
Photo/AP
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.