နိုင်ငံတော်သမ္မတ ရေဘေး လိုက်လံစစ်ဆေး



( ရေဘေးရှောင်ပြည်သူတွေနဲ့ တွေ့ဆုံရန်နှင့် ထောက်ပံ့ပစ္စည်းတွေပေးအပ်ရန် ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အင်းရဲကျွန်းကျေးရွာကို သြဂုတ်လ ၁၈ ရက်နေ့က ရောက်ရှိခဲ့တဲ့ သမ္မတ ဦးထင်ကျော်နဲ့အဖွဲ့ကို တွေ့ရစဉ်) ဓါတ်ပုံ - မန်းဂျော်နီ ဖေ့စ်ဘွတ်
ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာ ပျက်စီးသွားခဲ့တဲ့ စပါးစိုက်ဧက ခြောက်ထောင်ကျော်အတွက် စိုက်ပျိုးစားရိတ်ချေးငွေတွေကို ပယ်ဖျက်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ တင်ပြလိုက်တယ်လို့ ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောပါတယ်။

ဒီနေ့ နိုင်ငံတော်သမ္မတက ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ဒေသခံလယ်သမားတွေရဲ့ ကိုယ်စား တင်ပြပေးခဲ့တာဖြစ်တယ်လို့ ဦးမျိုးညွန့် က ပြောပါတယ်။

ပြီးခဲ့တဲ့လတွေက ရေကြီးခဲ့တာကြောင့် ရေကြည်မြို့နယ်က စိုက်ခင်းဧက လေးသောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး အဲ့ဒီထဲက ဧကခြောက်ထောင်ကျော် ပျက်စီးသွားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒေသခံတွေအနေနဲ့ နှစ်စဉ် ငဝန်ရေကာတာ ကျိုးပေါက်မှာကို စိုးရိမ်နေရတဲ့အတွက် မြစ်ကြောင်းထိန်းသိမ်းရေးဆောင်ရွက်ဖို့နဲ့ တာတမံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့အတွက်လည်း သမ္မတထံ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က တရုတ်နိုင်ငံက ချေးငွေနဲ့ ငဝန်ရေကာတာ ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် ချေးငွေမရတာကြောင့် မဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆည်မြောင်းဝန်ကြီးဌာနဘက်က တာဝန်ရှိသူတွေက နိုင်ငံတော်သမ္မတကို တင်ပြခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတဦးထင်ကျော်ဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်၊ သာပေါင်း၊ ငါးသိုင်းချောင်းနဲ့ ကျုံပျော်မြို့တွေကို သွားရောက်ပြီး ရေဘေးသင့်ဒေသခံတွေကို ဆန်၊ ဆီနဲ့ ဆေးဝါးတွေ သွားရောက်ထောက်ပံ့ခဲ့တာဖြစ်ပါတယ်

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.