DPN အဖွဲ့ ၂၁ ရာစုပင်လုံညီလာခံ တက်မည်

 khuooyal-620.jpg ရန်ကုန်မြို့ ရွှေလီလမ်းက NRPC မှာ ၂၁ ရာစု ပင်လုံညီလာခံ ပြင်ဆင်ရေးကော်မတီ ၂ နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ သြဂုတ်လ ၂ဝ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
Photo: Aung Thain Kha/RFA

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ဟာ ၂၁ ရာစုပင်လုံ ညီလာခံကို တက်ရောက်သွားမယ်လို့ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ် က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက NRPC ရုံးမှာ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ DPN ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီကိုယ်စား လှယ်တွေ တွေ့ဆုံပွဲအပြီးမှာ ခူဦးရယ် က ပြောတာဖြစ်ပါတယ်။

"ဒီအဖွဲ့ ၃ ဖွဲ့ကိုလည်း လောလောဆယ် အဓိကတော့ သူတို့ဖိတ်ကြားထားဖို့ အစိုးရဘက်က ပြန်လည်စဉ်းစားနေ တယ်ဆိုတဲ့ သဘောရှိနေတယ်လို့ပဲ ကျနော် အကြမ်းမျဉ်းပြောလို့ ရမယ်ထင်ပါတယ်နော်၊ မူလကတော့ သူတို့ ဖိတ်ကြားဖို့ဆိုပြီး ပြင်ဆင်ထားပါတယ်၊ တကယ်တမ်း ဒီ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့ သူတို့တွေ့တဲ့အခါမှာ ညှိနှိုင်းဆွေးနွေးမှုက သူတို့အဆင်မချောတဲ့သဘောဖြစ်တော့ ဖိတ်ကြားမှုကို သူတို့ခဏရပ်ဆိုင်းထား ပြီးတော့ ပြန်လည်သုံးသပ်တယ်ဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့ ကြားရပါတယ်နော်၊ ကျနော်တို့ကတော့ ကျင်းပရေးကော်မတီမှာ ပါဝင်ပူးပေါင်းပြီဆိုရင်တော့ တက်ဖို့ဆိုတဲ့အနေအထားကတော့ ပိုပြီးသေချာပါတယ်"

ဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိစ္စတွေကို မဆွေးနွေးပဲ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်အောင်ကျင်းပနိုင် ဖို့သာ အသေးစိတ်ဆွေးနွေးခဲ့ကြတယ်လို့ ၂၁ ပင်လုံညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင် ဦးလှမောင်ရွှေက ပြောပါတယ်။

မနက်ဖြန်မှာ ညီလာခံနဲ့ပတ်သက်ပြီး ဖိတ်ကြားမယ့်သူတွေ၊ ညီလာခံသဘာပတိရွေးချယ်တာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး သွားကြမှာ ဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.