Fetullah Gulen နဲ့ ဆက်စပ်သူများကို တူရကီရဲ ဖမ်းဝရမ်းထုတ် ရှာဖွေ စစ်ဆေး



Fetullah Gulen နဲ့ ဆက်စပ်သူများကို တူရကီရဲ ဖမ်းဝရမ်းထုတ် ရှာဖွေ စစ်ဆေး
တူရကီရဲတပ်ဖွဲ့က ဒီကနေ့မနက် အရုဏ်မတက်ခင်မှာ ဖမ်းဝရမ်း ၂၀၀ နီးပါးကို ထုတ်ပြန်ပြီး နေရာဌာန ၁၀၀ ကျော်ကို ရှာဖွေ စစ်ဆေးတာတွေ လုပ်ပါတယ်။ ပြီးခဲ့တဲ့လက အာဏာသိမ်းဖို့ကြိုးစားမှုရဲ့ နောက်ကွယ်ကစီစဉ်သူအဖြစ် တူရကီအစိုးရက စွပ်စွဲ ထားတဲ့ အမေရိကန်မှာနေထိုင်သူ တူရကီဘာသာရေးခေါင်းဆောင် Fetullah Gulen နဲ့ အဆက်အစပ်ရှိတယ်ဆိုတဲ့ လူတွေကို ရဲ တပ်ဖွဲ့က ဆက်ရှာနေတာပါ။

Gulen ရဲ့ ဘာသာရေးဆိုင်ရာ လုပ်ငန်းတွေကို ရန်ပုံငွေ ထောက်ပံ့နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သူ့ကို ထောက်ခံသူတွေကြား အဆက်အစပ်ကို ရှာဖို့အတွက် တူရကီ ဘဏ္ဍာငွေကြေးဆိုင်ရာ ရဲတပ်ဖွဲ့ကဦးဆောင်ပြီး အခုလို ရှာဖွေစစ်ဆေးတာပါ။

Gulen က ကြိုးကိုင်စီစဉ်တယ်လို့ အစိုးရကစွပ်စွဲပြီး ထောင်ပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဝန်ထမ်းတွေပါတဲ့ ဇူလိုင် လ ၁၅ ရက်နေ့က အာဏာသိမ်းကြိုးပမ်းမှုဟာ ခနတာပဲကြာခဲ့ပြီးတော့ လူ ၂၇၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ပြီးတဲ့နောက် အစိုးရက အရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းဖို့ ကြံစည်တယ်လို့ စွပ်စွဲခံရတဲ့လူတွေကို စပြီး ဖမ်းခဲ့တာပါ။

ထောင်ပြစ်ဒဏ် နှစ်နှစ်အောက်ပဲ ကျန်တော့တဲ့ အကျဉ်းသား ၃၈,၀၀၀ ကို လွှတ်ပေးမယ်လို့ အစိုးရက ကြေညာအပြီး နောက်တရက် ဒီကနေ့မနက် လင်းအားကြီးမှာ ရှာဖွေ စစ်ဆေးတာတွေကို လုပ်တာပါ။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.