ပင်လုံညီလာခံ တက်ရောက်ရန် ၂၁ ရာစုပင်လုံအကြို ပြင်ဆင်ရေး ကော်မတီမှ TNLA ထံ အကြောင်းကြားခြင်း မရှိသေး --------

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီမှ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန်အတွက် သြဂုတ် ၂၆ ရက်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်(TNLA)ထံမှ သိရှိရသည်။

“ပြီးခဲ့တဲ့လက မိုင်းလားမှာ ဦးသိန်းဇော် (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင်) တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲဒီနောက် ကြေညာချက်တစ်စောင် ထုတ်ရာမှာ စကားလုံးအသုံးအနှုန်း ကွာဟတာလေး ရှိခဲ့တယ်။ စကားလုံး(၄)လုံးလောက် ညိုမရကြဘူး။ အဲဒါနဲ့ သဘောတူညီမှု မရခဲ့ဘူး။ အဲဒီအချိန်ကစပြီး အခုအချိန်ထိ(သြဂုတ် ၂၆ ရက်) ဆက်သွယ်အကြောင်းပြန်ခြင်း မရှိသေးဘူး”ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ရန်အတွက် ရခိုင်တပ်မတော်(AA)၊ ကိုးကန့်(MNDAA)၊ တအောင်းအမျိုး သားလွတ်မြောက်ရေးတပ်(TNLA)တို့နှင့် ဆွေးနွေးနေဆဲဖြစ်ပြီး နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော ကြေညာချက် ထုတ်ပြန်မှသာ ညီလာခံသို့ တက်ရောက်နိုင်ဖွယ်ရှိကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“ဦးခင်ဇော်ဦး(ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံအကြို ပြင်ဆင်ရေးကော်မတီဝင်)တို့သွားပြီး ဆွေးနွေးခဲ့တာ ပြေလည်မှုမရသေးဘူး။ ဒါပေမယ့် ဆက်ပြီးတော့ ညိုနှိုင်းနေဆဲပါ။ ညီလာခံမတိုင်ခင် သူတို့ဖက်က နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ ကြေညာချက်ထုတ်ရင်တော့ ညီလာခံတက်ဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ငြိမ်းချမ်းရေးအတွက် ပါဝင်ဆွေးနွေးခြင်းမှာ ပြသ၁နာမရှိသော်လည်း အစိုးရအနေဖြင့် လက်နက်စွန့်လွှတ်လို သောဆန္ဒရှိကြောင်း ကြေညာချက်ထုတ်ပြန်ခိုင်းခြင်းမှာ လက်နက်ကိုင်အချင်းချင်း ခွဲခြားဆက်ဆံခံနေရခြင်းဖြစ် ပြီး ပင်လုံညီလာခံ ဆွေးနွေးပွဲတွင် မည့်သည့်အဖြေထွက်မည်ကို မသိရှိဘဲ ကတိများ ကြိုတင်ပေးခိုင်းခြင်းမှာ သဘာဝမကျကြောင်း TNLA ထံမှ သိရသည်။

၂၁ စုပင်လုံညီလာခံ တက်ရောက်ရန် AA၊ MNDAA နှင့် TNLA အဖွဲ့တို့မှာ အစိုးရနှင့် ညိုနှိုင်းနေဆဲဖြစ်ပြီး တက်ရောက်နိုင်သည့် အနေအထားတွင် ရှိနေသော်လည်း လက်နက်စွန့်ရန် ကိစ္စမှာ မလိုအပ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)၏ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

“AA ၊ MNDAA ၊ TNLA သုံးဖွဲ့နဲ့ဆွေးနွေးနေတယ်လို့ အစိုးရဘက်က ပြောပါတယ်။ လက်နက်စွန့်ဖို့တော့ မလိုအပ် သေးဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောသံကြားပါတယ်။ ပြေလည်မလားဆိုတာကတော့ မသိသေးဘူး” ဟု နိုင်ဟံသာကပြောသည်။

၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန် TNLA ဥက္ကဋ္ဌ ဦးတာအိုက်ဖုန်း၊ AA ဥက္ကဋ္ဌ ဦးထွန်းမြတ်နိုင်၊ MNDAA ဥက္ကဋ္ဌ ဦးဖုံတာရွှင်၊ MNDAA အတွင်းရေမှူး ဦးထွန်းမြတ်လင်းတို့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ သြဂုတ် ၉ ရက် က ရှမ်းပြည်နယ်၊ မိုင်းလားတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

MMK

The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.