ဒေါ်အောင်ဆန်းစုကြည် တည်းခိုနေတဲ့ အမေရိကန်သမ္မတဧည့်ဂေဟာ Blair House အကြောင်း

Blair House ဆိုတာ အမေရိကန်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေးအတွက် အရေးကြီး တဲ့ ခေါင်းဆောင်တွေ၊ အမေရိကန်သမ္မတ ဖိတ်ကြားခံရတဲ့ ခေါင်းဆောင်ကြီးတွေ တည်းခိုဖို့ ချထားပေးတဲ့ နိုင်ငံတော်ဧည့်ဂေဟာ၊ အမေရိကန်သမ္မတကြီးရဲ့ ဧည့်ဂေဟာ လည်းဖြစ်ပါတယ်။ တနည်းအားဖြင့် အမေရိကန်က လေးစားရတဲ့ ဂုဏ်ထူးဆောင် ခေါင်းဆောင်တွေကို ယာယီတည်းခိုဖို့ စီစဉ်ထားတဲ့ နေရာဖြစ်ပါတယ်။

Blair House ကို ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ် မှာ အမေရိကန်သမ္မတ Franklin Roosevelt ရဲ့ တိုက်တွန်းချက်နဲ့ ၀ယ်ယူခဲ့တာပါ။ အဲဒီအချိန်က စစ်မှာ ပါဝင်နေတဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍကြောင့် အမေရိကန်ကို လာရောက်ကြတဲ့ ခေါင်းဆောင်တွေနဲ့ သံတမန်တွေအတွက် တည်းခိုဖို့ နေရာလိုအပ်ချက် ရှိနေချိန် လည်းဖြစ်ပါတယ်။

Blair House မှာ နိုင်ငံတကာက လေးစား အသိအမှတ်ပြုရတဲ့ ခေါင်းဆောင်ကြီးတွေ၊ ပြည်သူတွေက ချစ်ခင်နှစ်သက်ကြတဲ့ ခေါင်းဆောင်တွေ တည်းခိုခဲ့ကြပြီး ထင်ရှားသူတွေကတော့ Elizabeth ဘုရင်မကြီး၊ တောင်အာဖရိက သမ္မတကြီး နယ်လ်ဆင်မန်ဒဲလား၊ ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ၊ ရုရှသမ္မတ ဗလာဒီမာပူတင်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Javier Perez Cuellar၊ ၊ ရုရှ သမ္မတ ဘောရစ်ယဲ့ဆင်၊ ဂျပန်ဧကရာဇ်နှင့်ကြင်ယာတော်၊ စပိန်ဘုရင်နှင့်ဘုရင်မ၊ မော်ရိုကို ဘုရင် တို့ပါဝင်တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတတွေ အတော်များများလည်း အဲဒီမှာ တည်းခိုကြပါတယ်။မြန်မာပြည်ကတော့ အမေ
ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံးပဲ ဖြစ်ပါတယ်

Source: Irrawaddy
ZN.H
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.