မန်ကျီးချောင်းဝ ရွာသားနှစ်ဦး အသတ်ခံရမှု ဖြေရှင်းပေး ဖို့ တောင်းဆို

ye-soldier-shoot-press-620.jpg တပ်မတော်အရာရှိတစ်ဦးက သေနတ်နဲ့ ပစ်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့တဲ့အပေါ် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က မော်လမြိုင်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ဓါတ်ပုံ - နိုင်မွန်ထော (ဖေ့ဘွတ်)

မွန်ပြည်နယ် ရေးမြို့နယ်က မန်ကျီးချောင်းဝကျေးရွာမှာ တပ်မတော်အရာရှိတစ်ဦးက သေနတ်နဲ့ ပစ်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့တာ ၆လ ကြာပြီဖြစ်ပေမယ့် အမှုမှန်မပေါ်ပေါက်သေးတာကို ဖြေရှင်းပေးဖို့ ဒေသခံတွေနဲ့ မိသားစု ဝင်တွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ မော်လမြိုင်မြို့ မြိုင်သာယာရပ် ပိုင်ခေတ်ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွာသား နှစ်ဦး အသတ်ခံ ရတာကို အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ ပွင့်လင်းမြင်သာစွာချပြပေးဖို့ တောင်းဆိုတာလို့ မန်ကျီးချောင်းဝ ရွာသား ကိုသိန်းစိုးက ပြောပါတယ်။

"၆ လပြည့်ပေမယ့် ကျနော်တို့အတွက် အမှုမှန်ကိုင်တွယ်နေတာ လုံးဝမသိတဲ့အခါ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်တယ်၊ ရှေ့ဆက်ပြီးတော့လည်း လူ့အခွင့်ရေးကော်မရှင်အပါအဝင် အကုန်လုံး မြန်မြန်ဆန်ဆန် အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဆောင်ရွက်စေချင်တယ်၊ ပြီးတော့ စစ်တရားရုံးမှာအမိန့်ချပြီးရင် အရပ်ဘက်တရားရုံးကို ဖြစ်နိုင်ရင်လွဲပေးဖို့ တောင်းဆိုချင်ပါတယ်"

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ သေဆုံးသူမိသားစုဝင်တွေ၊ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စား လှယ်တွေအပြင် မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်ပါ တတ်ရောက်ခဲ့ပြီး သူတို့ဆောင်ရွက်ထားတာတွေကိုလည်း ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

ညနေပိုင်းမှာလည်း မော်လမြိုင်မြို့ ကျိုက်သုတ်ဘုရားမှာ အမှုမှန်ပေါ်ပေါက်ဖို့ ဝတ်ပြုဆုတောင်းတာ တွေလည်း ပြု လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ညက မကျည်းချောင်းဝကျေးရွာသား တံငါသည် ကိုမိုးနဲ့ ကိုချစ်စိုးတို့ဟာ ခရလ ၂၈ဝ က ဗိုလ်ကြီး ဇော်မျိုးထက် က သေနတ်နဲ့ပစ်တာ ခံခဲ့ရတာဖြစ်ပါတယ်။

ဗိုလ်ကြီး ဇော်မျိုးထက်ကို စစ်ဘက်ဆိုင်ရာခုံရုံးထံ လွှဲပြောင်းပေးလိုက်ပေမယ့် ဒီနေ့အထိ အရေးယူတာ မတွေ့ရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.