ကျောင်းသူကို မူးယစ်ဆေးတိုက် အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးအရေးယူ

  ကျောင်းသူကို မူးယစ်ဆေးတိုက်၍ အဓမ္မပြုကျင့်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးသည့် ဓာတ်ပုံမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်
ကျောင်းသူကို မူးယစ်ဆေးတိုက်၍ အဓမ္မပြုကျင့်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးသည့် ဓာတ်ပုံမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်နေ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူကို အချိုရည်တွင် မူးယစ်ဆေးတမျိုး ထည့်၍ တိုက်ကျွေးတာ အဓမ္မပြုကျင့် ခဲ့သည့် အသက် ၂၀ အရွယ် အမျိုးသားကို မုဒိန်းမှုဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြောင်း ကမာရွတ်ရဲစခန်းမှ သိရသည်။

“အမှုကတော့ ပုဒ်မ ၃၇၆ နဲ့ ဖွင့်ထားတယ်။ ဆေးစစ်ချက်လည်း ယူထားတုန်း။ ကျန်တာတော့ သေချာ မပြောနိုင်သေးဘူး။ ဆေးစစ်တာတော့ ၂ ယောက်လုံးကို စစ်ထားတယ်”ဟု ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တဦးက ပြောသည်။

အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးနှင့် ကျူးလွန်သူ သန်းကိုကိုမောင်မှာ လူမှုကွန်ယက် တခုဖြစ်သည့် beetalk တွင် တွေ့ဆုံ ရင်းနှီးခဲ့ခြင်းဖြစ်ကြောင်း၊ သန်းကိုကိုမောင်က မိန်းကလေးကို ရန်ကင်းစင်တာရှေ့တွင် တွေ့ရန် ချိန်းခဲ့ကြောင်း၊ ထို့နောက် အချိုရည်တွင် မူးယစ်ဆေးတမျိုး ထည့်တိုက်ခဲ့ပြီး မြောက်ဒဂုံရှိ ၎င်းအိမ်သို့ ၁ ည ခေါ်သွားကြောင်း၊ မြောက်ဒဂုံရှိ တည်းခိုခန်းတခုသို့ ထပ်မံ ခေါ်ဆောင်ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီးနောက် အဆိုပါ တည်းခိုခန်းတွင်း၌ သန်းကိုကိုမောင်ကို အဓမ္မပြုကျင့်ခံရသူ မိန်းကလေးနှင့် အတူ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

“မိန်းကလေးပျောက်နေတဲ့အချိန် သူ့ဖုန်းက အိမ်မှာ ကျန်ခဲ့တော့ အဲဒီ beetalk မှာ စာပို့လာတယ်။ ကလေးမလေးကို လာပြန်ပို့စေချင်ရင် ငွေလွှဲပေးရမယ်။ ဘယ်ပမာဏ ဆိုတာ မပြောဘူး။ လွှဲပေးဖို့ ခြိမ်းခြောက်တယ်။ မိဘတွေက ငွေလွှဲပေးလိုက်တယ်။ အဲဒီကဒ်နံပတ်ကို ကျနော်တို့ လိုက်စစ်ကြည့်တဲ့အခါမှာ သန်းကိုကိုမောင်ရဲ့ အသိတယောက် ATM card ဖြစ်နေတယ်။ ငွေလာထုတ်တာက အမျိုးသမီး ၂ ဦး။ သူက မိန်းကလေးကို လက်ထပ်ချင်တာပါဆိုရင် အခုလိုမျိုး ငွေလာပေးဖို့ ခြိမ်းခြောက်မလား” ဟု အမှုကို လိုက်ပါကူညီပေးနေသူ ကိုဖိုးဇော်က ဧရာဝတီသို့ ပြောသည်။

သူက “ကောင်မလေးကို တခြားသူတယောက်ဆီ ရောင်းစားတာကို မဟုတ်ဘူးဆိုပြီး ရဲကပြောတာ တွေ့တယ်။ စဉ်းစားကြည့်ပါ။ ဘယ်မိန်းကလေးက ကျမကို အဓမ္မပြုကျင့်ပါတယ်လို့ ဂုဏ်ယူပြီး ပြောမလဲ။ သူတကယ် ခံစားခဲ့ရလို့သာ လူကြီးတွေကို ထုတ်ပြောတာပေါ့။ ကလေးကတော့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေရနေတော့ နှစ်သိမ့်ပေးနေရတယ်”ဟု အမှုကို လိုက်ပါကူညီပေးနေသည့် ကိုဖိုးဇော်က ဧရာဝတီသို့ ပြောသည်။

ထို့ပြင် အဓမ္မပြုကျင့်ခဲ့သည့် သန်းကိုကိုမောင်သည် အိမ်ထောင်သည် ဖြစ်ကြောင်း၊ ၎င်း၏ မိန်းမဆိုသူက ကိုယ်ဝန် ၂ လ ရှိနေသည်ဟု တရားလိုမိသားစုဘက်သို့ ဆက်သွယ်ခဲ့ကြောင်း၊ အဓမ္မပြုကျင့်ခံခဲ့ရသည့် မိန်းကလေးကို မိဘအိမ်တွင် ရှိနေပြီး ဆေးစစ်ချက်များ ရယူနေဆဲဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက် ဖေ့စ်ဘုတ်တွင် သန်းကိုကိုမောင်၏ အစ်မဆိုသူက သူ၏ မောင်လေးကို စွပ်စွဲနေခြင်းသာဖြစ်ပြီး ကောင်မလေးဘက်က အိမ်နှင့်အဆင်မပြေ၍ လာခိုးယူရန် ပြောသဖြင့် ခိုးယူခြင်းသာဖြစ်ကြောင်း၊ ရောင်းစားခြင်းမဟုတ်သည့်အတွက် တရားပြန်စွဲရန် စီစဉ်နေကြောင်း ရေးသားထားသည့် စာများ ပျံ့နှံ့လျက်ရှိသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ကမာရွတ် ရဲစခန်းက သန်းကိုကိုမောင်ကို ပုဒ်မ ၃၆၃၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

http://burma.irrawaddy.com/news/2016/09/14/123050.html
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.