စစ်ကိုင်းက အလုပ်လက်မဲ့ကျူးကျော်တွေကို စည်ပင်က ၀န်ထမ်းအဖြစ် ခန့်အပ်မည်



( အလုပ်ခန့်အပ်ထားတဲ့ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေကို တွေ့ရစဉ် ) Photo: Hset Paing Toe/ RFA
စစ်ကိုင်းမြို့နယ်အတွင်း အလုပ်လက်မဲ့ဖြစ်နေတဲ့ ကျူးကျော်နေထိုင်သူတွေ အလုပ်အကိုင် ရရှိရေးအတွက် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ကျူးကျော်တွေကို စည်ပင်သန့်ရှင်းရေးဝန်ထမ်းအဖြစ် အခုလက စတင်ခန့်အပ်ပေးနေပါတယ်။

အဲဒီသန့်ရှင်းရေးဝန်ထမ်းတွေဟာ တစ်ရက် လုပ်အားခ ကျပ် ၃၆၀၀ နဲ့ ရရှိမှာဖြစ်ပြီး နေထိုင်ဖို့ အတွက်လည်း ဝန်ထမ်းအိမ်ယာမှာ နေရာချထားပေးပါတယ်။

လတ်တလောမှာ ကျူးကျော်နေထိုင်သူ ၅၀ ကို စည်ပင်သာယာရေး ၀န်ထမ်းအဖြစ် လုပ်ကိုင်ဖို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက ကမ်းလှမ်းထားပါတယ်။

စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီက ကောက်ယူထားတဲ့ စစ်တမ်းအရ စစ်ကိုင်းမြို့နယ် အတွင်းမှာ ကျူးကျော်နေထိုင်သူ ၃ ထောင် လောက်ရှိပြီး အဲဒီအထဲက ၁ ထောင်ကျော်ဟာ အမှန်တကယ် ဒုက္ခရောက် နေသူတွေ ဖြစ်ကြပါတယ်။

အဲဒီ ကျူးကျော်နေထိုင်သူတွေထဲက ၁၀၀ ကျော်ဟာ အလုပ်လက်မဲ့ ဖြစ်နေကြတယ်လို့လည်း စစ်တမ်းအရ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.