ဒေါ်အောင်ဆန်းစုကြည် အစာအိမ်နှင့် အရိုးကျီးပေါင်းဒဏ်အချို့ ခံစားနေရ

ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂအထွေထွေညီလာခံ၌ တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ                                                      နေပြည်တော်၊ စက်တင်ဘာ ၂၅

ယနေ့ည ၁၀ နာရီခန့်အချိန်တွင် အမေရိကန်ပြည်ထောင်စု ချစ်ကြည်ရေးခရီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အရိုးကျီးပေါင်းတက်ခြင်းနှင့် အစာအိမ်ရောဂါ ခံစားနေရသည်ဟု  နိုင်ငံတော်သမ္မတရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကို ပြောသည်။

“ကျန်းမာရေးကတော့ ကောင်းတယ်။ အမေရိကန်ခရီးစဉ်က အစီအစဉ်တွေများတော့ နည်းနည်း ပန်းတာမျိုးပါ။ နားချိန်ကလည်း နည်းတယ်လေ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရောက်ရှိချိန်တွင် ကျွမ်းကျင်သူ ဆရာဝန်ကြီးများနှင့် ချက်ချင်းစစ်ဆေးခဲ့သည်ဟုလည်း ၎င်းကပြောသည်။ 

“ကွန်ပျူတာအကြည့်များလို့ အရိုးကျီးပေါင်းတက်တာမျိုးတော့ ရှိတယ်။ ခရီးပင်ပန်းလို့ အန်တာမျိုးရှိတယ်။ အစားအသောက်မမှန်တော့ အစာအိမ်သဘောမျိုး၊ ဆိုးဆိုးရွားရွားတော့ မဟုတ်ဘူး။ အားနည်းတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေအား မေးမြန်းရန် ဒေါက်တာတင်မျိုးဝင်းထံ Frontier က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

သို့သော် စက်တင်ဘာ ၂၈ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ရက်ရွှေ့ဆိုင်းလိုက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးမှု မိတ်ဖက်များ တွေ့ဆုံပွဲအခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ခြင်းမှာမူ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကြောင့် မဟုတ်ဘဲ အသေးစိတ် အချက်အလက်အချို့ ညှိနှိုင်းရန် ကျန်ရှိသေး၍သာဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ အထူးစိုးရိမ်ဖွယ်မရှိပဲ ကောင်းမွန်လျက်ရှိကာ အချိန်အနည်းငယ် အနားယူရန် လိုအပ်သည်ဟုသာ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အသက် ၇၁ နှစ် ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ယူကေနှင့် အမေရိကန်နိုင်ငံခရီးစဉ်သည် ရက်ရှည်လျားပြီး အစည်းအဝေး အစီအစဉ်များနှင့် ပြည့်နှက်နေသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ ယူကေနိုင်ငံသို့ စတင်ထွက်ခွာခဲ့သည်။ ယူကေနိုင်ငံတွင် ဥရောပ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ မြန်မာသံအမတ်ကြီးများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၊ ဗြိတိန်ဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံခဲ့သည်။

ထို့နောက် အမေရိကန်နိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နေ့တွင် အမေရိကန်သမ္မတ အားရတ်အိုဘားမားနှင့် ဝါရှင်တန်ရှိ သမ္မတအိမ်ဖြူတော်တွင် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ထားသည့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများအား ဖယ်ရှားပေးရန် ပြင်ဆင်နေသည်ဟု အိုဘားမားက ကြေညာလိုက်သလို မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများ ပြန်လည်ပေးအပ်မည်ဟုလည်း ကြေညာလိုက်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နယူးယောက်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ကာ စက်တင်ဘာ ၂၁ ရက်နေ့တွင် အထွေထွေ မူဝါဒဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် Asia Society တွင် မြန်မာနိုင်ငံ၏ အခြေအနေအား ရှင်းလင်းပြောကြားခဲ့သလို ဟားဗတ်တက္ကသိုလ်တွင် ကျင်းပသည့် Harvard Humanitarian of the Year (လူသားချင်းစာနာမှုဆိုင်ရာဆု) ဆုပေးပွဲ ကို တက်ရောက်ကာ ဆုလက်ခံရယူပြီး မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ရောက်နေသည့် ကမ္ဘာ့ခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့်လည်း ဆက်တိုက် တွေ့ဆုံခဲ့သည်။

သို့သော် စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏  မြန်မာ့အရေး ကုလသမဂ္ဂ မဟာမိတ်အုပ်စု အစည်းအဝေးပွဲကို တက်ရောက်ဖို့ စီစဉ်ထားသော်လည်း မတက်ရောက်နိုင်ခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန်က ခေတ္တအနားယူရန် အကြံပေး တိုက်တွန်းချက်အရ မတက်ရောက်ခြင်းဖြစ်ကာ အမြန်ဆုံး နေကောင်းပါစေဟု အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။

အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာ ၁၅ ရက်နေ့က ဝါရှင်တန်ဒီစီရှိ Theodore Roosevelt အထက်တန်းကျောင်းသို့ သွားရောက်စဉ် ၎င်းအနေဖြင့် အနားယူချိန်လိုအပ်နေကြောင်းကို အရိပ်အမွက် ပြောကြားခဲ့သေးသည်။

“ကျွန်မကို စနေ၊ တနင်္ဂနွေနေ့တွေမှာ နေအိမ်အကျယ်ချုပ်နဲ့ ပြန်ထားရင် ကောင်းလိမ့်မယ်လို့တောင် ဆန္ဒ ဖြစ်မိတယ်။ ဒါဆိုကျွန်မ ခဏတဖြုတ် အနားယူလို့ရတာပေါ့” ဟု ၎င်းက ကျောင်းသား၊ ကျောင်းသူများကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့တွင် ကြီးမားလွန်းသည့် အလုပ်တာဝန်များ ထမ်းဆောင်နေပြီး အစိုးရ၏ အောင်မြင်မှုမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်း၏ အလုပ်တာဝန် ခွဲဝေပေးနိုင်စွမ်းအပေါ် မူတည်နေသည်ဟု ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်အခြေစိုက် ပညာရှင် အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် International Crisis Group က သြဂုတ်လဆန်းပိုင်းတွင် သတိပေးခဲ့သည်။

သတင်း-ဉာဏ်လှိုင်လင်း                                      

Frontier myanmar 

COMMENTS

Name

art,1,article,1317,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7578,interview,221,knowledge,8,Live,8,LocalNews,16123,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,150,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ဒေါ်အောင်ဆန်းစုကြည် အစာအိမ်နှင့် အရိုးကျီးပေါင်းဒဏ်အချို့ ခံစားနေရ
ဒေါ်အောင်ဆန်းစုကြည် အစာအိမ်နှင့် အရိုးကျီးပေါင်းဒဏ်အချို့ ခံစားနေရ
http://frontiermyanmar.net/sites/frontiermyanmar.net/files/styles/news_detail_image/public/news/000_gd3nw.jpg?itok=0edytfpf
dawnmanhon
http://www.dawnmanhon.com/2016/09/blog-post_154.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/09/blog-post_154.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy