အစိုးရသစ် လက်ထက်မှာလည်း မြေယာ ပြဿနာ မဖြေရှင်းနိုင် ဖြစ်နေတယ်လို့ ဝေဖန်နေ


 မြေယာ ပြဿနာ မျိုးလို လူထုရဲ့ အခြေခံ ပြဿနာ တွေ ဖြေရှင်း ပေးနိုင် ဖို့ လိုအပ်နေ။
မြန်မာ နိုင်ငံ မှာ သိမ်းဆည်း မြေယာ တွေ မူလ ပိုင်ရှင် တွေ လက်ထဲ ပြန်လည် ရရှိ အောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင် တဲ့ အစိုးရ လက်ထက်မှာလည်း သိသိသာသာ စွမ်းဆောင် ပေးနိုင်တာ မျိုမရှိ သေးဘူး ဆိုပြီး တိုင်းရင်းလူထု တိုးတက်ရေး မိတ်ဖက် အဖွဲ့ EDEP က ဝေဖန် လိုက်ပါတယ်။

ဥပဒေ အရ လုပ်ဆောင် မယ် ဆိုရင်တောင် တည်ဆဲ မြေယာ ဥပဒေ နဲ့ မြေလွတ် မြေရိုင်း ဥပဒေတွေ ကိုယ် ၌ မှာကို ချို့ယွင်း အားနည်းချက် တွေ ရှိနေတဲ့ အတွက် တောင်သူ တွေ လက်ထဲ ပြန်ရဖို့ မလွယ်ကူ ဖြစ်နေရတယ် လို့ EDEP ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြင့်အောင် က ဘီဘီစီကို ပြောပါတယ်။

မြေယာ ပြဿနာ မျိုးလို လူထုရဲ့ အခြေခံ ပြဿနာ တွေ ဖြေရှင်း ပေးနိုင် ဖို့ဆိုရင် အစိုးရ နဲ့ လွှတ်တော် တို့အပြင် အများ ပြည်သူ အရေး ဆောင်ရွက် ပေးနေတဲ့ သမဂ္ဂ တွေ ၊ အရပ် ဖက် အဖွဲ့အစည်း တွေ ပူးပေါင်း ဆောင်ရွက် သွားမှ ဖြစ်မယ်လို့ လည်း ဦးထွန်းမြင့်အောင် က ဆိုပါတယ်။

တိုင်းရင်းသား နယ်မြေ တွေ အပါအဝင် မြန်မာ နိုင်ငံ တလွှားက ဒေသတွမှာ လယ်ယာမြေနဲ့ သယံဇာတ တူးဖော်ရေး၊ ဖွံ့ဖြိုးရေး စတဲ့ နယ်ပယ်တွေမှာ တိုးတက်မှု တွေ ဖွံ့ဖြိုး နောက်ကျ နေရဆဲ ဖြစ်တယ်လို့ EDEP က ထုတ်ပြန် ထားပါတယ်။

ဥပဒေ တွေ ပြင်ဆင် နိုင်ရေးနဲ ကောင်းမွန် တဲ့ ဥပဒေတွေ လက်တွေ့ အကောင်အထည် ဖော် နိုင်ရေးလို ဥပဒေ စိုးမိုးရေး ကိစ္စ တွေ အမြန်ဆုံး ဆောင်ရွက် ပါဆိုပြီး EDEP က တိုက်တွန်း ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.