ဗိုလ်စိန်မှန်ကိုအားနာတယ်


မြန်မာနိုင်ငံမှာ၂၀၁၅ ရွေးကောက်ပွဲကာလနောက်ပိုင်း NLD အာဏာရလာပြီးတဲ့နောက် အတိုက်အခံနိုင်ငံရေးအင်အားစုရယ်လို့မြန်မာနိုင်ငံမှာပီပီပြင်ပြင်မရှိတော့တာသတိထားမိပါတယ် ။ NLDဟာ အုပ်ချုပ်ရေး (အစိုးရ)နေရာမှာရော ၊ ဥပဒေပြုရေး ( လွှတ်တော်) မှာရော အင်အားအပြတ်အသတ်အသာစီးရပြီးတဲ့အခါ အင်အားချိန်ခွင်လျှာကိုဟန်ချက်ညီအောင်ညှိပေးမယ့် အဖြစ်မရှိသလောက်ဖြစ်သွားပါတယ် ။ အရင်ကတော့ အစိုးရဟာ ကြံ့ခိုင်ရေးအစိုးရ ၊လွှတ်တော်ဟာကြံ့ခိုင်ရေးလွှတ်တော်ဆိုပေမယ့် အင်မတန်အင်အားကြီးမားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဟာ အတိုက်အခံဘ၀မှာ ကျယ်ကျယ်ပြန့်ပြန့်ရပ်တည်ခဲ့သမို့  အင်အားချိန်ခွင်လျှာဟာ တဖက်စောင်းနင်းမဖြစ်ခဲ့ပါဘူး ။

အထူးသဖြင့် ဒီချုပ် ပါတီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုချစ်တဲ့ ပြည်သူလူထုကအုံနဲ့ကျင်းနဲ့  အားပေးထောက်ခံနေသလို ၊ သတင်းမီဒီယာတော်တော်များများကလည်း NLDကိုထောက်ခံသူတွေများသမို့  အာဏာရပါတီကို အတိုက်အခံက ရင်ဆိုင်ရာမှာ အတော်အရာရောက်ခဲ့တာပါ ။ အာဏာရ ပြည်ခိုင်ဖြိုးပါတီဟာ NLD နဲ့ ရင်ဆိုင်ရာမှာ သူ့ ရဲ့နောက်က ပြည်သူလူထုနဲ့  မီဒီယာကိုပါ ရောပြီးရင်ဆိုင်ခဲ့ရတာပါ ။ အခုကျတော့ဒီလိုမဟုတ်တော့ပါဘူး ။ NLD အစိုးရတက်လာချိန်မှာ အတိုက်အခံဟာအတော်အင်အားနည်းသွားတာပါ ။ အရင်တုန်းက လွှတ်တော်ထဲမှာ NLDဘက်က လွှတ်တော်ကိုယ်စားလှယ် ၄၃ ယောက်လောက်ပဲရှိပေမယ့် မေးခွန်းတွေအဆိုတွေ ထိထိရောက်ရောက်မေးနိုင်ခဲ့ပြီး ပြည်သူလထုရဲ့ထောက်ခံမှုကိုရယူနိုင်ခဲ့ပေမယ့် ယခုလက်ရှိပြည်ခိုင်ဖြိုးပါတီဟာ ဒီလိုမလုပ်နိုင်တော့ပါဘူး ။ ပြောရရင် ပြည်သူ့ ဘက်ကရပ်မယ့်အတိုက်အခံအဖြစ်မယ်မယ်ရရမရှိကြတော့တာပါပဲ ။

အဲဒိတော့ အတိုက်အခံတွေရဲ့  ဆောင်၇ွက်မှုကိုအားမရတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ အတိုက်အခံနိုင်ငံရေးသမားတွေလိုပြုမူလာကြပါတယ် ။ နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်မှာဆွေးနွေးစဉ်က အဲဒိအချက်ကိုတော်တော်မြင်သာပါတယ် ။ NLD အမတ်တွေကိုအဓိကထိပ်တိုက်ရင်ဆိုင်သူတွေဟာ ကြံ့ ခိုင်ရေးအမတ်တွေမဟုတ်ပဲ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ပါတယ် ။ ဒါပေမယ့် တပ်မတော်ရဲ့သဘောသဘာဝအရ ကန့်ကွက်ရင်လဲ တပြုံကြီး ထောက်ခံရင်လဲတပြုံကြီး ဆန္ဒပြသလို လွှတ်တော်ထဲမတ်တပ်ရပ်ကြတာကို ပြည်သူလူထုကအမြင်မကြည်လင်ကြပါဘူး ။

လွှတ်တော်ထဲမှာတပ်မတော်သားတွေရောက်နေကြတာကိုတောင်ပိုပြီးဝေဖန်မှုတွေတိုးမြင့်လာပါတယ် ။နောက်တော့တပ်မတော်ကလည်း အသည်းအသန်ဆန့်ကျင်ကန့်ကွက်မှုတွေမလုပ်တော့ပဲ လွှတ်တော်ရဲ့ ဥပဒေတွေအတိုင်းလိုက်ပါဆောင်ရွက်ခဲ့ပါတယ် ။

ပြောချင်တာက NLD အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာ အစိုးရနဲ့လွှတ်တော်ကို ထိမ်းကျောင်းပေးမယ့်အတိုက်အခံရယ်လို့ အားကောင်းမောင်းသန်မရှိတော့တာပဲဖြစ်ပါတယ် ။ အတိုက်အခံနိုင်ငံရေးအင်အားစု ဟာ တပ်မတော်လိုလို ၊ ပြည်ခိုင်ဖြိုးပါတီလိုလို ။ရခိုင်အမျိုးသားပါတီ ( ANP) လိုလိုဖြစ်လာတာပဲဖြစ်ပါတယ် ။ ဒါပေမယ်လို့ အဲဒိအဖွဲ့ သုံးဖွဲ့စလုံးနောက်မှာ ပြည်သူလူထုရဲ့ထောက်ခံမှုက တနိုင်ငံလုံးအတိုင်းအတာနဲ့ရှိမနေပါဘူး ။ မီဒီယာတွေကလည်းများသောအားဖြင့်အဲဒိအဖွဲ့တွေနောက်မှာမရှိပါဘူး ။

အဲဒိတော့ မြန်မာ့နိုင်ငံရေးမှာအတိုက်အခံနိုင်ငံရေးအင်အား လစ်ဟာမှုကြီးဖြစ်လာပါတယ် ။ အဲဒိအချိန်မှာ အမျိုးသားရေးတက်ကြွသူအချို့ နဲ့ဖွဲ့စည်းထားတဲ့ လူမှုရေးလိုလို ၊ဘာသာရေးလိုလိုအဖွဲ့ ကြီးတဖွဲ့ က အတိုက်အခံလိုလိုဘာလိုလိုရပ်တည်လာပါတယ်။တကယ်တော့မြန်မာနိုင်ငံမှာ ထေရ၀ါဒဗုဒ္စဘာသာပြန့်ပွားရေးအတွက် ဗုဒ္စဘာသာကလျာနယုဝ( YMBA) ၊ မလွန်ဆန်လှူအသင်းကြီး ၊ အဘိဓမ္မာပြန့်ပွားရေးအဖွဲ့ချုပ် စတဲ့အသင်းအဖွဲ့ များစွာပေါ်ပေါက်ဖူးပေမယ့် အခု အဲဒိအဖွဲ့ ကြီးလို ကိုယ့်တနိုင်ငံထဲသားချင်း အဖွဲ့ တဖွဲ့ဘက်ကရပ် ၊ အခြားအဖွဲ့ တဖွဲ့ ကိုဆန့်ကျင်တိုက်ခိုက်တဲ့အနေအထားမျိုးမရှိခဲ့ပါဘူး ။ နိုင်ငံရေးမှာ အတိုက်အခံဆိုတာ အစိုးရဘာလုပ်လုပ် ကန့်လန့်တိုက်အပြစ်ပြောနေရုံလောက်တင်မကပါဘူး ချီးကျူးစရာရှိတာကိုချီးကျူးမယ် ၊ ပူးပေါင်းစရာရှိတာကိုပူးပေါင်းမယ် ၊ ဆန့်ကျင်စရာရှိတာကိုဆန့် ကျင်ရပါမယ် ။ အရေးအကြီးဆုံးဖြစ်တဲ့ ချီးကျူးစရာရှိရင်ချီးကျူမယ်ဆိုတာကတော့ အခုလက်ရှိ လူမှုရေးလိုလို မျိုးချစ်လိုလို အဖွဲ့ ကြီး နဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေထဲမှာဝေလာဝေးပါပဲ ။ ဘင်္ဂလီအရေးမှာ လက်ရှိ အစိုးရ ရဲ့ဆောင်ရွက်ချက်တွေကိုခါးခါးသီးသီးဆန့်ကျင်နေကြတဲ့သူတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက်နိုင်ငံတော်ရဲ့အမြင့်ဆုံးဥပဒေပြုအဖွဲ့ဖြစ်တဲ့ ပြည်သူ့ လွှတ်တော်နဲ့အမျိုးသားလွှတ်တော်မှာ ဘင်္ဂလီအမတ်သုံးယောက် ၀င်ထိုင်နေတုန်းက အခုလိုဗိုလ်စိန်မှန်ကွင်းမှာမစုရုံးခဲ့ကြပါဘူး ။ တကယ်လို့သာအမျိုးသားရေးသက်သက်လုပ်တယ်ဆိုရင် အဲဒိတုန်းက ဘင်္ဂလီအမတ်သုံးယောက်နှုတ်ထွက်ပေးရေးကို အမျိုးသားရေးအမြင်နဲ့ ဆန္ဒပြကန့်ကွက်တောင်းဆိုခဲ့သင့်ပါတယ် ။ဘင်္ဂလီတွေကို White Card တွေထုတ်ပေးပြီးပါတီထောင်ခွင့် ၊ ရွေးကောက်ပွဲမှာမဲပေးခွင့်ပြုခဲ့တာလည်း ကြံ့ခိုင်ရေးအစိုးရပါပဲ ။ အဲဒါကိုလည်းအမျိုးသားရေးဆိုတဲ့ပုဂ္ဂိုလ်များ ဆန္ဒပြတယ်မကြားမိခဲ့ပါ ။

ကြံ့ခိုင်ရေးအစိုးရလုပ်ခဲ့သမျှကို မျက်စေ့မှိတ်ထောက်ခံခဲ့ကြပြီး NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှကိုဆန့် ကျင်ကန့်ကွက်မယ်ဆိုတဲ့အတွေးမျိုးလောက်ကို အမျိုးသားရေးထင်မနေကြပါနဲ့ ။အမျိုးသားရေးဆိုတာဒိထက်အများကြီးကျယ်ပြန့်ပါတယ် ။ကိုယ်ဆန္ဒပြနေတာဘယ်သူ့ကိုလဲ ဘာ့ကြောင့်လဲ ဘယ်သူ့ အတွက်လဲ ဆိုတာနဖူးပေါ်လက်တင်ပြီးသေသေချာချာစဉ်းစားကြစေချင်ပါတယ် ။အမျိုးကိုတော့အားလုံးချစ်တာချည်းပါပဲ ။ဒါပေမယ့်အမျိုးချစ်သလိုလိုနဲ့  လူတစ်စု တဖွဲ့ ရဲ့အသုံးချခံဘ၀ကိုရောက်နေတာကိုလူတွေကသဘောမကျကြတာပါ။ ဒါ့ကြောင့်ပဲ ကိုယ့်အဖွဲ့တွေဆန္ဒပြနေတာကို ရပ်ကွက်နေပြည်သူလူထုကလက်မခံလို့ပြသနာတွေတက်ကြတာပါ ။
ဥပမာ ပင်နီအင်္ကျီဆိုတာ မြန်မာတွေရဲ့အမျိုးသားရေးအမှတ်သင်္ကေတဆိုတာ အားလုံးလက်ခံပါတယ် ။ပင်နီဟာ NLD နဲ့ပဲဆိုင်တာမဟုတ်ဘူးဆိုတာလည်း သဘောတူပါတယ် ။ မည်သူမဆိုဝတ်နိုင်ပါတယ် ။ ကျွန်တော်လည်းအရင်ကမြတ်မြတ်နိုးနိုးဝတ်ပါတယ် ။ဒါပေမယ့်အခုတော့ NLDယူနီဖောင်းလိုဖြစ်နေလို့ ကျွန်တော်မ၀တ်တော့ပါဘူး ။ မည်သူမဆိုကိုယ်ဝတ်ချင်ရင် အခုလဲဝတ်လို့ရပါတယ် ။ ဒါပေမယ့် စက်တင်ဘာ ၁၁ ရက်နေ့ ဗဟန်း ဗိုလ်စိန်မှန်ကွင်းမှာဆန္ဒပြခဲ့တဲ့ အမျိုးသားရေးဝါဒီအချို့ က ပင်နီအင်္ကျီဝတ်လာပြီးကျောကုန်းမှာ “ အမျိုးသားရေးစစ်စစ် ပင်နီ “လို့ စာတွေရိုက်နှိပ်လာတာကတော့ NLD ကို ရန်စနေသလိုဖြစ်ပါတယ် ။ ရပ်ကွက်ထဲက NLD ပါတီဝင်တွေနဲ့ ပါတီကိုထောက်ခံသူတွေကို ဆွပေးနေသလိုဖြစ်ပါတယ် ။ ကျွန်တော်ဟာ NLD ပါတီဝင်မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီလုပ်ရပ်မျိုးကိုတော့သဘောမကျပါဘူး ။

မူကိုဆန့်ကျင်ရင် သေသေချာချာ မူဝါဒတွေကိုဟောပြောရပါမယ် ။ အများသိအောင်လုပ်ရပါမယ် ။ တိုက်ပုံအဖြူလေးဝတ်လာပြီး ကြံဖွတ်အဖြူမဟုတ် အမျိုးသားရေးတိုက်ပုံစစ်စစ်စသည်ဖြင့် အချို့ လူများကလုပ်လာရင်လဲ ကျွန်တော်တို့ လက်မခံနိုင်ပါ ။နယ်ချဲ့အင်္ဂလိပ်ကိုမုန်းတာနဲ့လိပ်ဆို လိပ်ခွံဘီးတောင်မသုံးဘူးဆိုတဲ့ လူပြန်းကြိုက်နိုင်ငံရေးများကိုလည်း မထောက်ခံနိုင်ပါဘူး ။ စစ်ကိုမုန်းတာနဲ့ ရေကိုတောင်စစ်မသောက်ဘူးဆိုတာလဲ ၀မ်းရောဂါရတာကလွဲလို့ အကျိုးမရှိတဲ့စကားပါ။ နိုင်ငံရေးဆိုတာ ၊အမျိုးသားရေးဆိုတာ တိုက်ပုံအရောင်နဲ့ အဲဒိတိုက်ပုံကိုဘာချည်နဲ့ရက်ထားသလဲဆိုတာထက်ပိုပြီး မြင်တတ်ရပါမယ် ။အတွေးအခေါ်ရှိရပါမယ် ။ လူနဲ့မူကိုခွဲခြားတတ်ရပါမယ် ။ မီဒီယာကိုရန်သူလိုဆက်ဆံခြင်းမှကင်းဝေးရပါမယ်။ အချို့ သောပုဂ္ဂိုလ်များကတော့ ခွဲခြားတတ်ဟန်မရှိ ပါ။ ထစ်ကနဲရှိဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြကြသူများအနေနဲ့လည်း ဗိုလ်စိန်မှန်ဆိုတဲ့နာမည်ကိုတော့လေးစားအားနာသင့်ပါတယ် ။ ဗိုလ်စိန်မှန်ဟာ နယ်ချဲ့ကိုဆန့်ကျင်တော်လှန်ခဲ့တဲ့မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်ပါ ။ ဒါပေမယ့် အရာရာကိုဆန့် ကျင်ကန့်ကွက်နေတဲ့ မျက်ကန်းမျိုးချစ်တစ်ယောက်တော့မဟုတ်ကြောင်းပါခင်ဗျား။

သရ၀ဏ်(ပြည်)

သူရိယအလင်းဂျာနယ်
၁၈.၉.၂၀၁၆

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7735,interview,221,knowledge,9,Live,8,LocalNews,16380,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,156,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ဗိုလ်စိန်မှန်ကိုအားနာတယ်
ဗိုလ်စိန်မှန်ကိုအားနာတယ်
https://4.bp.blogspot.com/-YHgEhoPvpC8/V-FNoyXTcYI/AAAAAAAAZSQ/f97gEvLj76wizq073ccQiokHmTRPDpSCQCLcB/s400/q1.jpg
https://4.bp.blogspot.com/-YHgEhoPvpC8/V-FNoyXTcYI/AAAAAAAAZSQ/f97gEvLj76wizq073ccQiokHmTRPDpSCQCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/09/blog-post_178.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/09/blog-post_178.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy