မန္တလေးမြို့ပြ ရေဆိုးစွန့်ထုတ်စနစ် ကောင်းမွန်ရေးအတွက် ခုနစ်နှစ်အတွင်း အပြီးလုပ်ဆောင်သွားမည်


မန္တလေးမြို့ ရေဆိုးစွန့်ထုတ်စနစ် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆ဝ ဖြင့် ခုနစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းဆောင်ရွက်ရန်အတွက် စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခွဲက မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည့် မန္တလေးမြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အတွက် ချေးငွေအမေရိကန်ဒေါ်လာသန်း ၆ဝ ရယူခြင်း သဘောတူညီမှု စာချုပ်လက်မှတ်ရေးထိုးပွဲမှ သိရသည်။ ယင်းစီမံကိန်းတွင် အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တွင် ရေဆိုး သန့်စင် စက်ရုံတည်ဆောက်သွားမည့်အပြင် မန္တလေးမြို့တွင်းရှိ အဓိက မြောင်းကြီးများဖြစ်သည့် ရွှေတချောင်း၊ ငွေတချောင်း၊ သင်္ဂဇာ ချောင်း၊ မင်္ဂလာချောင်းတို့မှ ရေဆိုးစနစ်များကို စနစ်တကျ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းမန်နေဂျာ ဒေါ်ခင်မေဌေးက ပြောသည်။

''မန္တလေးမြို့ ရေဆိုးစနစ် ကောင်းမွန်အောင် တစ်ခါမျှ မလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် အတိုင်ပင်ခံ အင်ဂျင်နီယာတွေ၊ အသိပညာရှင် အတတ်ပညာရှင် တွေ၊ မြို့ခံလူထုနဲ့ပူးပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင် ရွက်သွားပါ့မယ်။ အိမ်သုံးစွန့်ပစ်ရေနဲ့ မိုးရေစွန့်ပစ်ရေကို ခွဲခြား ပြီး အခုဆောက်လုပ် မယ့် ရေဆိုးသန့်စင်စက်ရုံကို ပို့မယ်။ ဒီစက်ရုံ ကတစ်ဆင့် ဧရာဝတီမြစ် ထဲကို ရေသန့်အဖြစ် စွန့်ထုတ်မှာ ဖြစ်ပါတယ်။ ဒီနေ့လက်မှတ်ထိုးပြီးတာနဲ့ လုပ်ငန်းစတင်မှာ ဖြစ်ပါ တယ်''ဟု ၎င်းက ပြောသည်။

ယခုချေးငွေဖြင့် မန္တလေးမြို့ ရေဆိုးစနစ်ကို အဓိကဖြေရှင်း ဆောင်ရွက် သွားမည့်အပြင် ဒုတိယအနေဖြင့် ယင်းခုနစ်နှစ် အတွင်း မြို့တွင်းမြောင်း များ ရေစီးရေလာ ကောင်းမွန်စွာစီးဆင်း ရေးအတွက် ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် နိုင်ငံတကာ နည်းပညာအကူအညီများပါ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်မှCountry Director Mr. Winfried F. Winklein က ပြောသည်။

''ကျွန်တော်တို့ဘဏ်က ဖွံ့ဖြိုးရေးဘဏ်ဖြစ်တဲ့အတွက် အကျိုးအမြတ်ကို အဓိကမထားပေမယ့် ဒီစီမံကိန်းကြောင့် မ္တလေးဒေသခံ အားလုံး စီပွားရေး အခွင့်အလမ်းတွေ ပိုမိုရရှိ လာနိုင်တယ်။ ရေနဲ့ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးစီမံကိန်း ဖြစ်တဲ့အတွက် ရေကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေလည်း ကင်းရှင်း လာမယ်'' ဟု ၄င်းကပြောသည်။

အဆိုပါစီမံကိန်း သဘောတူညီချက်အရ ချေးငွေသန်း ၆ဝ အား ၃၂ နှစ် အတွင်း အပြီးပေးဆပ်ရမည်ဖြစ်ပြီး ဆိုင်းငံ့ကာလ ခုနစ်နှစ် သတ်မှတ်ပေး ထားကာ အတိုးနှုန်းမှာ ပထမရှစ်နှစ် အတွင်း တစ် ရာခိုင်နှုန်းနှင့် နောက်ပိုင်း ကာလများအတွက် ၁ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရ သည်။

MMK
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.