တောင်တရုတ်ပင်လယ် နှင့် မြောက်ကိုးရီးယားအရေးတွင် ဂျပန် ရပ်တည်ချက်အား ထောက်ခံနိုင်မည်လားဟု ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်ဝန်ကြီးချုပ် မေးမြန်း


အာဆီယံနိုင်ငံများထဲမှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာအနေဖြင့် အာရှ ပစိဖိနှင့် အရှေ့တောင်အာရှ ဆက်စပ် ပြဿနာရပ် များဖြစ်သည့် မြောက်ကိုးရီးယားအရေးနှင့် တောင်တရုတ်ပင်လယ် အရေးတို့တွင် ဂျပန်နိုင်ငံ၏ ရပ်တည်ချက်အား မြန်မာဘက်မှ ထောက်ခံနိုင်မည်လား ဟု ဂျပန်ဝန်ကြီးချုပ်က မေးမြန်းခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်သည့် ဦးကျော်ဇေယျက ပြောသည်။

‘ သူတို့ကတော့ ဒေသတွင်း ပြဿနာတွေဖြစ်တဲ့ မြောက်ကိုးရီယားအရေးဆွေးနွေးမှု ( အာဆီယံ+ ၃ ( တရုတ် ၊ ဂျပန် ၊ ကိုးရီးယား တွင် မြောက်ကိုးရီးယား အရေးဆွေးနွေး ) တွေမှာ သူတို့ရဲ့ရပ်တည်ချက်ကို ထောက်ခံနိုင်မလားလို့ မေးတယ်။ မြန်မာ ကတော့ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ အများသဘော တူညီချက်ကို လိုက်နာပါ့မယ်ဆိုတာပဲ ပြောခဲ့တယ်။ ‘ ဟု ဦးကျော်ဇေယျက လာအိုနိုင်ငံ ဗီယန်ကျင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးတို့ တွေ့ဆုံမှုအပြီး မီဒီယာများကို ပြောသည်။

မြန်မာအနေဖြင့် ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားမည် ဟုလည်း ဦးကျော်ဇေယျက ပြောသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မြာိ့ငမ်းချမ်းရေးဖြစ်စဉ်နှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးရေး လုပ်ငန်းများ အခြေခံ အဆောက်ဦးများ တိုးတက်ကောင်းမွန်လာရေး အတွက် ဆက်လက်ပံ့ပိုးသွားမည်ဟု ကတိပြုခဲ့သည်။

ဂျပန် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လာမည့် အောက်တိုဘာလ တွင် ၇ျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သော်လည်း မအားလပ်သောကြောင့် လာမည့် နိုဝင်ဘာလမှသာ လာရောက် လည်ပတ်နိုင်မည်ဟု အကြောင်းပြန်ခဲ့ကြောင်း သိရသည်။
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.