တရားဥပဒေစိုးမိုးတဲ့ခေတ်ရောက်ပါစေ

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့ကနေ ရန်ကုန် ဒဂုံအရှေ့ပိုင်း (၁၁၈) ရပ်ကွက်မှာရှိတဲ့ SUMMIT PLASTIC စက်ရုံကို အလုပ်လာလုပ်တဲ့ မိန်းကလေး (၇) ဦးကို ဒီမနက် (၁) နာရီလောက်မှာ မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ပါတယ်။

အဖြစ်က အဲဒီစက်ရုံမှာ အလုပ်ချိန် (၃) ဆိုင်းရှိပြီးအဆိုပါ မိန်းကလေးများက ည (၁၂) နာရီ ကျော်ကနေ မနက် (၇) နာရီကျော်အဆိုင်းဖြစ်လို့ အိပ်ချိန် တ၀က်လောက်ထပြီး အလုပ်လုပ်ရလို့ ခေါင်းမူးတာတွေ ရှိတာကြောင့် သူတို့ မလုပ်နိုင်တော့ကြောင်း နေရပ်ကို ပြန်ပို့ပေးဖို့ကို (၂၂- ၉ -၂၀၁၆) မနက်မှာ အဆိုပါ မိန်းကလေးထဲက (၂) ယောက်က သူတို့ကို အိမ်ကနေခေါ်လာတဲ့ စက်ရုံမှာ အလုပ် တူတူ လုပ်နေတဲ့ အမျိုးသမီးကိုပြောပေမယ့် မည်သည့် အလုပ်သမား ခေါင်းဆောင်ကိုမှ အကြောင်းကြားပေးခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် မနေ့က နေ့လည်ပိုင်းလောက်မှာ မိဘတွေ လာခေါ်တာကိုလည်း အလုပ်ပိုင်ရှင်ကိုလည်း အကြောင်းမကြား ထည့်လည်းမပေး အပြင်ထွက်ခွှင့်လည်း မပေးခဲ့လို့ မိန်းကလေးတွေက ကြောက်ပြီး ကျမတို့ ၈၈ ကိုအကြောင်းကြားခဲ့တာပါ အဲဒီစက်ရုံကို ဒဂုံအရှေ့ပိုင်း စခန်းမှူး အပါ နယ်ထိန်း ရဲတပ်ဖွဲ့ အကူအညီနဲ့ သွားခဲ့ပါတယ်။ အစပိုင်းမှာ အဲဒီက လုံခြုံရေးက ရဲတပ်ဖွဲ့ပါတာတောင် ကျမတို့ကို စက်ရုံ အသစ်နဲ့ အဟောင်း ဘောလီဘောပုတ်သလို သွားခိုင်းခဲ့တာပါ။ ကျမက မြေပြင်အနေအထားကို မှတ်သားပြီး မိန်းကလေးများနဲ့ ဖုန်းအဆက် အသွယ်လုပ်မှ နေရာမှန်ရခဲ့ပါတယ်။ သို့သော်လည်း မြို့နယ်မှူး ကိုယ်တိုင် ပါပါလျှက် သော့လည်း ရှိပါလျှက်နဲ့ တာဝန်ခံ အမျိုးသမီး မလာသေးလို့ စက်ရုံတံခါး အဖွင့်ကို နာရီဝက် စောင့်ရပါတယ်။မြို့နယ်မှူးက မိဘများနှင့် မိန်းကလေးများရဲ့ဆန္ဒကို အတည်ပြုမေးမြန်းပြီး ပြန်ထည့် ခိုင်းခဲ့ပါတယ်.. ရပ်ကွက် အုပ်ချူပ်ရေးမှူထံမှာ အသိသက်သေများ ရှေ့မှာ လက်မှတ်ထိုး လွှဲပေးခဲ့တာပါ ...မိန်းကလေးများမှာ နေစရိတ် စားစရိတ် အပြီး (၁) လ ခြောက်သောင်း လုပ်ခရပါတယ် ၀င်တာ (၁) ပတ်ပဲ ရှိသေးပါတယ်။

မှတ်ချက် ။ ။ မြို့နယ်မှူးပါလျှက် မည်သည့်အတွက် တံခါး မဖွင့်ပါသလဲလို့ တာဝန်ခံ အမျိုးသမီးအားမေးရာ
စက်ရုံပိုင်ရှင်က ဘယ်သူပဲလာလာ တာဝန်ခံ မရှိပဲ မဖွင့်ရဟု မှာထားသောကြောင့် ဖြစ်ပါတယ်တဲ့ အရေးပေါ် အခြေအနေဖြစ်ပြီး အလုပ်သမားများ အသက်အန္တရာယ် တစ်ခုခုဖြစ်ခဲ့ရင် ဒီအနေအထားတွေကို စိုးရိမ်မိပါတယ် နယ်မြေလုံခြုံရေးက တာဝန်အရှိဆုံးသူပါပေမယ့်မည်သို့မှ ပြောလို့ မရတာကြောင့် တရားဥပဒေ စိုးမိုးရေးကိုလည်း ထိခိုက်စေသော အဖြစ်ဖြစ်ပါတယ်
အုပ်ချူပ်ရေးမှူးမှ စာကိုယ်တိုင် မရေးနိုင်ကြောင်းစခန်းမှူးရှေ့ ဒေါသနဲ့ ပြောဆိုမှုကိုတွေ့ ခဲ့ရပါတယ်

ရပ်ကွက်နေပြည်သူများရဲ့အကျိုးကို အချိန်မရွေး ထမ်းဆောင်နိုင်မယ့် အုပ်ချူရေးမှူးများကို သေသေချာချာ စီစစ်ရွေးချယ်ဖို့ လိုပါတယ်။ စက်ရုံပိုင်ရှင်များ အနေဖြင့်လည်း မိမိတို့ စက်ရုံရှိ အလုပ်သမားများရဲ့ အခြေအနေကို အမြဲ ဂရုစိုက်သင့် ပါတယ် လူယုံများရဲ့ အများရှေ့မှာတောင် မခြေမငံ ဆက်ဆံမှူများ မြင်တွေ့ရသောကြောင့် လွှတ်မထား သင့်ပါဘူး။

အကူအညီများ ပေးခဲ့ကြသော တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် . . . BG ကိုညီညီ . . . ဒဂုံမြို့သစ် အရှေ့ပိုင်း NLD ဥက္ကဌ နှင့် အဖွဲ့ဝင်များ . . . မြို့နယ်မှူး . . . စခန်းမှူး အပါ ရဲတပ်ဖွဲဝင်များ အားလုံးကို ကျေးဇူးတင်ပါတယ်။

Credit - Mee Mee
(25-9-2016)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.