မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၇ သန်း ဖမ်းဆီးရမိ

မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၇ သန်း ဖမ်းဆီးရမိ (MOI)
မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၇ သန်း ဖမ်းဆီးရမိ (MOI)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၇သန်းနီးပါး ကာလတန်ဖိုး သန်းပေါင်း တသောင်း ၄ထောင်ကျော်ဖိုးလောက် ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်အတွင်းမှာ စိတ်ကြွဆေးပြား အများအပြားကို စံချိန်တင်ဖမ်းဆီးရမိခဲ့ဖြစ်ပြီး လောလောဆည်မှာတော့ သံသယရှိသတချို့ကို ဖမ်းဆီးရမိထားပေမယ့် အဓိက သံသယရှိသူတဦးကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မောင်တောမြို့နယ်အတွင်း စိတ်ကြွဆေးပြားအများအပြား ဖမ်းဆီးရမိမှုဟာ တနင်္လာနေ့ ညနေပိုင်းက မတူညီတဲ့နေရာ ၂နေရာကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပထမနေရာက ဖမ်းဆီးရမိမှုက ဆေးပြား ၆သိန်းကျော်နဲ့ ဒုတိယနေရာက ၆ သန်းကျော် ရမိခဲ့တာလည်းဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးရမိတာကို မောင်တောခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှုးကြီး ဥာဏ်ဝင်းဦး က အခုလို ပြောပါတယ်။

“မောင်တောမြို့နယ်ထဲက လသာရွာမှာ မွတ်ဆလင်အိမ်ထဲကနေပြီးတော့ အိမ်ထဲမှာရှိတဲ့ အိမ်သာကျင်းထဲမှာ အိမ်သာကိုမသုံးပဲနဲ့ အန်ဝှက်လုပ်ပြီးတော့ ဖွက်ထားတဲ့နေရာကနေ တနေရာရတယ် အဲဒါကတော့ ၆ သိန်း ၈ သောင်း ၂၅၀၀ ပြားပေါ့ ။ ငွေတန်ဖိုးကတော့ သိန်း ၁ သောင်း ၃ ထောင် ၆၀၀ ကျော်ပေါ့။မနေ့တုန်းကပဲ ကျနော်တို့ ၅ နာရီခွဲအချိန်မှာပဲ ၊ နောက်တနေရာကတော့ မောင်တောကနေပြီးတော့ ၃ မိုင်လောက်ဝေးတဲ့ သုံးမိုင်ရွာအနီးမှာ အုတ်သဲ ကျောက်လုပ်ငန်းလုပ်နေတဲ့ ၀င်းတ၀င်းရှိတာပေါ့။ အဲဒီဝင်းထဲက အုတ်ပုံမှာ ဖွက်ထားတာပေါ့ ဆာလာအိတ်တွေနဲ့ ဖွက်ထားတာပေါ့၊ ဆာလာအိတ်က ၂၇ အိတ် မှုးယစ်ဆေးဝါးက ၆၂ သိန်း ၃ သောင်းကျော် ပေါ့ ၊ ကာလတန်ဖိုးကတော့ သိန်းပေါင်း ၁ သိန်း ၂ သောင်းကျော်ပေါ့။ အားလုံး မနေ့ကဟာနဲ့ဆိုရင် ၇ သန်းနီးပါးပေါ့ ကျပ်ငွေနဲ့ဆိုရင် ကျပ်သိန်းပေါင်း ၁ သိန်း လေးသောင်းနီးပါးပေါ့။”

ပထမဖမ်းဆီးရမိမှုမှာ သံသယရှိသူ အမျိုးသား၂ဦးနဲ့ အမျိုးသမီး၁ဦး၊ ဒုတိယဖမ်းဆီးရမိမှုမှာတော့ အုတ်သဲကျောက်ရောင်းဝယ်ရေးတာဝန်ခံနဲ့ ညစောင့်ကို ဖမ်းဆီးထားပေမဲ့ လုပ်ငန်း ပိုင်ရှင်ဖြစ်သူကိုတော့ ဖမ်းဆီးနိုင်တာမရှိသေးပါဘူး။

ဒုတိယဖမ်းဆီးမှုဟာ ဒီလ ၁၇ရက်နေ့က သဲကားတစီးပေါ်ကနေ စိတ်ကြွဆေးပြား ၆သိန်း၈သောင်းကျော် ဖမ်းဆီးရမိခဲ့တာနဲ့ ဆက်စပ်ပြီး အုတ်သဲကျောက်ထားရာခြံဝင်းအတွင်းကို ထပ်မံရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ပို့ဆောင်ဖို့ ဖြစ်နိုင်ကြောင်းလည်း ဒုတိယရဲမှုးကြီး ဥာဏ်ဝင်းဦး က သုံးသပ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ရဲ့ မောင်တောမြို့နယ် ဥက္ကဌ ဦးဘရွှေကတော့ ရခိုင်ပြည်နယ်အတွင်းမှာ စိတ်ကြွဆေးပြားဖမ်းဆီးရမိတာတွေဟာ မကြာခနဖြစ်ပွားနေပြီး ဆေးသုံးစွဲသူ လူငယ်တွေလည်း များပြားလာနေတယ်လို့ ပြောပါတယ်။

“ဒီမှာအဲလိုပေါ့ တော်တော်လေးကို မြင့်မားနေပါတယ် မူးယစ်ဆေးဝါးအရောင်းအ၀ယ်ကတော့ ၊ လူငယ်တွေလည်း အကုန်ပျက်စီးအဲဒီလိုဖြစ်နေကြတယ်။ သုံးစွဲတာ လူငယ်တွေများပါတယ်။ ရခိုင်ပြည်နယ် တခုလုံးပျံနှံ့နေတယ်လို့ပြောလို့ရပါတယ် ဘာဖြစ်လို့လဲဆိုတော့ ပြင်ပဘက်ကလာတဲ့ဟာတွေက ရခိုင်ပြည်နယ်ကို ဖြတ်ပြီးလာရတာကို။ ကြာလာရင်တော့ ဒီအတိုင်း ပစ်စလက်ခတ်ထားမယ်ဆိုရင်တော့ စိုးရိမ်စရာအခြေအနေပါ။ ဒါတွေကို သေသေချာချာ လုပ်ကိုင်တဲ့သူတွေကို အရေးယူဖော်ထုတ်ဖမ်းဆီး လုပ်ရင်တော့ တဖြေးဖြေးပပျောက်သွားမယ်လို့ ထင်ပါတယ်။”

ဒေသခံတွေကတော့ စိတ်ကြွဆေးပြားတွေဟာ ဘူးသီးတောင်မောင်တောလမ်းနဲ့ ရေလမ်းကနေတဆင့် တဖက်နိုင်ငံကို တင်သွင်းနေတယ်လို့လည်း ပြောကြပါတယ်။

စက်တင်ဘာလ ၂ရက်နေ့က ရသေ့တောင်မြို့နယ် အငူမော် ပင်လယ်ကမ်းခြေမှာ ဆာလာအိတ် ၉အိတ်နဲပ မျောပါလာတဲ့ စိတ်ကြွဆေး ၂၂သိန်းကို ဖမ်းဆီးရမိခဲ့သလို သြဂုတ်လ ၂၃ရက်နေ့ကလည်း မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၁သိန်းခွဲကျော် ဖမ်းဆိးရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၂၆ရက်နေ့က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းမှ ရပ်ထားတဲ့ ကွန်တိန်နာကားအတွင်းကနေ စိတ်ကြွဆေးပြား ၂၆သန်းဖမ်းဆီးရမိခဲ့ပြီး ဒါဟာ မြန်မာနိုင်ငံမှာ အများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒီဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေဟာ ကုလားတန်မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနဲ့ ဆက်စပ်နေတယ်လို့လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

UNODC ခေါ် ကုလသမဂ္ဂရာဇ၀တ်မှုနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ စိတ်ကြွဆေးဝါးတွေ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

VOA Burmese News

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6948,interview,213,knowledge,7,Live,8,LocalNews,15057,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၇ သန်း ဖမ်းဆီးရမိ
မောင်တောမြို့နယ်မှာ စိတ်ကြွဆေးပြား ၇ သန်း ဖမ်းဆီးရမိ
http://gdb.voanews.com/F20A0473-22AC-485D-B554-F8CA750DFE13_w987_r1_s.jpg
dawnmanhon
http://www.dawnmanhon.com/2016/09/blog-post_279.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/09/blog-post_279.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy