ဒေါက်တာခင်စန္ဒီကျော် သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုမှန်ပေါ်သည့်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆို



နေပြည်တော် တပ်ကုန်း ပင်လောင်းလမ်းတွင် ဖြစ်ပွားခဲ့သည့် ဒေါက်တာခင်စန္ဒီကျော် သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်သည်အထိ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သူမ၏ အစ်မဖြစ်သူ ဒေါ်ခင်စုမွန်ကျော်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ ၂၇ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့၊အင်းစိန်မြို့နယ်ရှိ စိန်ပီတာနှင့် စိန်ပေါ ဘုရား ရှိခိုးကျောင်းတွင် ပြုလုပ်သည့် သေဆုံးသူ ဒေါ်ခင်စန္ဒီကျော် ဂုဏ်သိက္ခာနှင့်
အမှန်တရားဖော်ထုတ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

ဒေါ်ခင်စုမွန်ကျော်က'အမှန်တရားကပေါ်နေပါပြီ။ ဘယ်သူက ဘယ်သူကို သတ်တယ်ဆိုတာ အမှုမှန်ပေါ်ဖို့ ဆောင်ရွက်နေပါတယ်။ ဒီအတွက်လည်း အခုလို သတင်းစာရှင်းလင်းပွဲလုပ်တာဖြစ်တယ်' ဟု ပြောသည်။

ဒေါ်ခင်စန္ဒီကျော်သေဆုံးမှုဖြစ်စဉ်မှာ နေပြည်တော်၊ တပ်ကုန်း-ပင်လောင်းလမ်း၏ မိုင်တိုင်အမှတ် (၈/၄) အနီးရပ်ထားသော ကားအတွင်း၌ ဗိုလ်ကြီး ဝေဖြိုးအောင်မှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ၎င်း၏ဇနီး ဖြစ်သူ ဒေါက်တာခင်စန္ဒီကျော်မှာလည်း ၎င်းအခင်း ဖြစ်ပွားရာနေရာနှင့် သုံးမိုင်ခန့်အကွာ မိုင်တိုင် အမှတ် (၅/၁)နှင့် (၅/၂)ကြားတွင် ဓားဒဏ်ရာ ၃၂ ချက်ဖြင့် သေဆုံးလျက် စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီတွင်တွေ့ ရသည့် သတင်းဖြစ်စဉ်နှင့် ပတ်သက်ပြီးပြောခြင်းဖြစ်သည်။

ထိုသေဆုံးမှုဖြစ်စဉ်ပတ်သက်ပြီး မိသားစုဝင်များက ဆက်လက် စုံစမ်းနေချိန်တွင် သားဖြစ်သူအား ဓားဖြင့်ထိုးခဲ့သူဟု ယူဆရသည့် ချွေးမဖြစ်သူ ဒေါက်တာခင်စန္ဒီကျော်အား ဥပဒေအရ အရေးယူ ပေးပါရန် စက်တင်ဘာ ၁၄ ရက်က မိခင်ဖြစ်သူ ဒေါ်မမကြီးက တရားလိုပြုလုပ်ပြီး တပ်ကုန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ထိုသို့လူသတ်မှုဖြစ်ပွားပြီး မိဘနှစ်ဦးစလုံးသေ ဆုံးခဲ့သည့်အတွက် အသက် ၄နှစ် အရွယ် သမီးဖြစ်သူက သူမ၏ ဖခင်မှာ အမေဖြစ်သူကို သတ်ပြီး လမ်းဘေး တွေထားခဲ့ကြောင်း ကားမောင်းပြီး အတော်ကြာ သည့်အခါ ဖခင်ဖြစ်သူမှ မိမိကိုယ်ကိုဓားဖြင့်ထိုးပြီး အိပ်သွားကြောင်း၊ ထို့နောက် သူမလည်း အိပ်ပျော်သွားသည် ဟု ပြောကြောင်း ဒေါ်ခင်စုမွန်ကျော် ခင်ပွန်းဦးစစ်နိုင်က ဆိုသည်။
ယင်းနောက် သေဆုံးဒေါ်ခင်စန္ဒီကျော်အလောင်းတွေ့ရှိချိန်တွင် သေဆုံးသူအစ်မဖြစ်သူမှ ဗိုလ်ကြီးဝေဖြိုးအောင်အား လူသတ်မှုဖြင့် ပြန်လည်တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိဘနှစ်ဦးစလုံးသေဆုံးသွားပြီဖြစ်သဖြင့် ကျန်ရစ်သူ ကလေးမလေးအား အဒေါ်ဖြစ်သူ ဒေါ်ခင်စုမွန်ကျော်တို့ မိသားစုမှ ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း ဆိုသည်။

ဦးစစ်နိုင်က 'ဒေါ်မမကြီးတို့ဘက်က သူတို့ တဖွဲ့ထဲတည်း ရှာတယ်ပြောတယ်။ ဒါပေမယ့် ဘာလို သူရဲ့မြေးက ကျွန်တော်တို့ဆီမှာ ရှိနေကတာလဲ။ သူတို့မိသားစု တဖွဲ့တည်းရှာတယ်ဆိုရင် ကလေးက သူတို့နဲ့တဖွဲ့တည်း ရှိနေရမှာ"ဟုဆိုသည်။

လက်ရှိတွင် အဆိုပါအမှုနှင့် ပတ်သက်ပြီး နေပြည်တော် CIDမှ နှစ်ဖက် အမှု ရုပ်သိမ်းထားခြင်းမရှိဘဲ၊ မှုခင်းရဲတပ်ဖွဲ့စုံစမ်းဆဲကာလဖြစ်သည့် အတွက် အတည်ယူလို့မရနိုင်ကြောင်း မှုခင်းရဲတပ်ဖွဲ့ အဆင်မြင့် အရာရှိတစ်ဦးက ဆိုထားကြောင်း သတင်းများအရ သိရသည်။

သတင်း- စိုင်းဟန်
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.