ရန်ကုန်တိုင်းအတွင်း မြေယာ အငြင်းပွားမှု ၅ ထောင်ခန့်ရှိ

 phyominthein-ygn-pm-620.jpg ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို မေလ ၂၁ ရက်နေ့က ပြုလုပ်တဲ့ ရဲတပ်ဖွဲ့ရဲ့ဝန်ဆောင်မူကို ရှေးရှုသော ရဲလုပ်ငန်းစနစ် ဆိုင်ရာလုပ်ငန်းရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Aung Thain Kha/RFA

လယ်ယာမြေသိမ်းဆည်းခံရမှု၊ မြေယာအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားစာ ၅ ထောင်ခန့် ရောက်ရှိနေပြီး အဲဒီတိုင်ကြား စာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်လည်စိစစ်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနေ့က ညွှန်ကြားလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိစစ်တွေ့ရှိချက်တွေကို ရေးသားပြီး အစိုးရအဖွဲ့ထံ ပြန်လည်တင်ပြဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

"၅၀၀၀ လောက်ရှိတယ် case က။ အဲဒီ ၅၀၀၀ လောက်ကို ဝန်ကြီးချုပ်က ပြန်ပြီးတော့ တိုင်းဒေသကြီး ကိုယ်စားလှယ်ရဲ့ မှတ်ချက်တွေပြန်ပေးမယ်ဆိုပြီး အဲဒီမှတ်ချက်နဲ့အရပဲ သူဆက်လုပ်မယ်ဆိုပြီး အဲဒါလေးညှိနှိုင်းအစည်းဝေးလုပ်တယ်။ အမြန်ဆုံးပြန်လုပ်ပေးပါ ဆိုပြီး သူကချပေးလိုက်တဲ့သဘောပါ" လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသခံတွေရဲ့ တိုင်ကြားစာတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေး ရွာနဲ့ မြို့နယ်အသီးသီးက မြေယာစိစစ်ရေးကော်မတီထံ ပေးပို့ထားပြီး ကော်မတီအဆင့်ဆင့်က စစ် ဆေးတွေ့ရှိချက်တွေကို အောက်တိုဘာလနောက်ဆုံးထား ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည် တင်ပြရမှာ ဖြစ်ပါတယ်။

အဲဒီတင်ပြချက်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိစစ်တွေ့ရှိချက်တွေကို ထည့်သွင်းရေးသားရမှာ ဖြစ်ပါတယ်။

အဲဒီနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ လယ်ယာမြေနဲ့အခြားမြေများပြန်လည်စိစစ်ဆေးရေးဗဟိုကော်မတီထံ တင်ပြပြီး လယ်ယာမြေအမှုတွေကို ဖြေရှင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.