နယူးယောက်ဗုံးခွဲမှု သံသယရှိသူတဦးကို ဖမ်းဆီးရမိ


သံသယရှိသူ Ahmad Khan Rahami (Courtesy- FBI)
သံသယရှိသူ Ahmad Khan Rahami (Courtesy- FBI)

ပြီးခဲ့တဲ့ စနေနေ့ညပိုင်းက နယူးယောက်မြို့ မန်ဟက်တန် အရပ်မှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး သံသယရှိသူ Ahmad Khan Rahami ကို နယူးဂျာစီပြည်နယ် Linden မြို့မှာ ဒီကနေ့ တနင်္လာနေ့ နှောင်းပိုင်းမှာပဲ ဖမ်းဆီးလိုက်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပြီးတဲ့နောက် နောက်ဆုံး သူ့ကို ဖမ်းဆီးနိုင်ခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ် အာဖဂန် နွယ်ဖွား အမေရိကန် နိုင်ငံသား Rahami ကို စနေနေ့ညက နယူးယောက်မြို့ Chelsea ရပ်ကွက်မှာ လူပေါင်း ၂၉ ယောက် ဒဏ်ရာရခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု အပါအ၀င် ဖောက်ခွဲတိုက်ခိုက်မှု လေးခုနဲ့ဆက်စပ်ပြီး တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေတာပါ။

Rahami ကို တနင်္လာနေ့ အစောပိုင်းကတည်းက လိုက်လံရှာဖွေနေတဲ့ အကြောင်းကို ရဲတပ်ဖွဲ့က ကြေညာထားတာပါ။ အခု သူ့ကို ဖမ်းဆီးမိခဲ့တဲ့ Linden မြို့ကနေ ၆ ကီလိုမီတာလောက် အကွာ Elizabeth မြို့မှာ Rahami နေထိုင်တာဖြစ်ပါတယ်။ သူ့ရဲ့မိသားစုဟာ သူတို့နေထိုင်ရာအိမ် ပထမထပ်မှာ စားသောက်ဆိုင်တဆိုင် ဖွင့်ထားသူတွေဖြစ်တယ်လို့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.