ဆီးရီးယား အပစ်ရပ်ရေး ပျက်ပြယ်



အလက်ပိုမြို့မှာ ဒဏ်ရာ ရတဲ့ ကလေးငယ်ကို သယ်ဆောင်စဉ် (Credit: Reuters) 
ဆီးရီးယားနိုင်ငံမှာ ​အပစ်အခတ် ​ရပ်စဲကြမယ့် ​ကိစ္စက ​ပျက်ပြယ်သွားပေမယ့် ​အမေရိကန်ကတော့ ​ဆက်လက်ကြိုးစားချင်သေးတယ်လို့ ​ပြောပါတယ်။

ဆီးရီးယား ​အစိုးရကတော့ ​သူပုန်တွေ ​သိမ်းပိုက်ထားတဲ့ ​အလက်ပိုမြို့ဘက်ကို ​ထိုးစစ်ဆင်မှုတွေ ​လုပ်မယ်လို့ ​ပြောတဲ့အတိုင်း ​ဆက်တိုက်ဆိုသလို ​ဗုံးကျဲတိုက်ခိုက်မှုတွေ ​လုပ်နေပြီ ​ဖြစ်ပါတယ်။

အမေရိကန် ​နိုင်ငံခြားရေးဝန်ကြီး ​ဂျွန်ကယ်ရီကတော့ ​ရုရှားနိုင်ငံခြားရေး ​ဝန်ကြီး ​Sergie ​Lavrov ​နဲ့ ​နောက်တစ်ကြိမ် ​တွေ့ဆုံပြီး ​အပစ်အခတ် ​ပြန်လည်ရပ်စဲနိုင်ဖို့ ​ကိစ္စ ​ပြန်ဆွေးနွေးလိုတယ်လို့ ​ပြောပါတယ်။

ရုရှား ​အစိုးရဘက်ကတော့ ​ဒီကိစ္စမှာ ​ဆီးရီးယား ​သူပုန်တွေဘက်ကလည်း ​အတိုးအလျှော့တွေ ​လုပ်မှ ​ရမယ်လို့ ​ပြောလိုက်ပါတယ်။

ကုလသမဂ္ဂကတော့ ​ကူညီကယ်ဆယ်ရေး ​လုပ်ငန်းတွေ ​ပြန်လည် ​လုပ်ကိုင်နေပြီး ​သူပုန်တွေ ​သိမ်းပိုက်ထားတဲ့ ​Damascus ​မြို့ပြင်တွေမှာ ​လူပေါင်း ​လေးသောင်းအတွက် ​ကူညီကယ်ဆယ်ရေးတွေ ​ပေးပို့နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ​အလက်ပိုမြို့ထဲကိုတော့ ​ဝင်ခွင့်မရသေးပဲ ​အဲဒီမှာ ​သိန်းနဲ့ချီတဲ့ ​လူတွေ ​အရေးပေါ် ​အကူအညီလိုအပ်နေတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.