မြန်မာလယ်ယာ ထွက်ကုန်ပစ္စည်း ထုပ်ပိုးမှုစနစ် အဆင့်မမီသည့်အတွက် နိုင်ငံတကာနှင့်မယှဉ်ပြိုင်နိုင်

မြန်မာနိုင်ငံသည် လယ်ယာစီးပွားရေးစနစ်ကို အခြေခံ၍ ထုတ်လုပ်နေသော်လည်း ထုတ်ပိုးမှုစနစ်မှာ နိုင်ငံ တကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားနည်းနေသည့်အတွက် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ခြင်းမရှိသေး ကြောင်း မြန်မာနိုင်ငံ အစာအာဟာရသိပ္ပံနှင့် နည်းပညာအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းကြည်က စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပသော propak Myanmar ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

''ကျွန်မတို့နိုင်ငံအနေနဲ့ လယ်ယာစီးပွားရေးကိုအခြေခံပြီးတော့ စနစ်ကျစွာ ထုတ်လုပ်နိုင်ဖို့ အရမ်းကို အရေးကြီးပါတယ်။ လယ်ယာနိုင်ငံဖြစ်တဲ့အတွက် လယ်ယာစိုက်ပျိုးရုံနဲ့ ကိုယ့်တိုင်းပြည်ကြီးပွားတိုးတက်ဖို့ ဆောင်ရွက်လို့မရဘူး။ လယ်ယာကထွက်လာတဲ့ ထွက်ကုန်တွေကို ဘယ်လိုတန်ဖိုးမြင့်အောင်လုပ်မလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ထွက်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်လုပ်တဲ့အခါ နိုင်ငံတကာက တင်သွင်းတဲ့ပစ္စည်း တွေနဲ့ ယှဉ်ပြိုင်ပြီးတော့ ရောင်းချနိုင်ဖို့ဆိုတာ ကိုယ့်နိုင်ငံကပစ္စည်းတွေကို သေသေချာချာ မလုပ်နိုင်ဘဲနဲ့ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး''ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံအနေနှင့် အစာအာဟာရဆိုင်ရာ နည်းပညာရှင် အတတ်ပညာရှင်များ မရှိသလောက်နည်း ပါးသောကြောင့် မွေးထုတ်ပေးရန် လွန်စွာလိုအပ်နေကြောင်း ဒေါ်ဝင်းဝင်းကြည်က ဆက်လက်ပြောကြားသည်။

''ကျွန်မတို့ လယ်ယာထွက်ကုန်တွေကို စနစ်တကျထုပ်ပိုးနိုင်အောင်လုပ်ရမယ်။ လုပ်ဖို့ဆိုရင် အစားအသောက် ဆိုင်ရာ သိပ္ပံပညာရှင်တွေ အများကြီးလိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ အစာအာဟာရဆိုင်ရာ ဒီဂရီအစီအစဉ် တောင်မရှိပါဘူး။ ထိုင်းနိုင်ငံမှာဆိုရင် တက္ကသိုလ် ၂၁ ခုက နေပြီးတော့ သာမန်ဘွဲ့၊ မာစတာနဲ့ PhD တွေ ပေးနေတယ်။ သူတို့အနေနဲ့ အစာအာဟာရဆိုင်ရာ လူသားအရင်းအမြစ်တွေ အများကြီးမွေးထုတ်ပြီးနေပြီ''ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစားအစာဖူဖူလုံလုံရှိသော်လည်း အစာအာဟာရဆိုင်ရာ ဗဟုသုတ နည်းပါးသောကြောင့် အစာအဆိပ်သင့်မှုပြဿနာများ၊ ဆိုးဆေးပြဿနာများ၊ အာဟာရမမျှတမှုဆိုင်ရာကိစ္စရပ် များ တနိုင်ငံလုံးအတိုင်းအတာနှင့် ဖြစ်ပွားနေကြောင်း အစာအာဟာရသိပ္ပံနှင့် နည်းပညာအဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ဆက်လက်ပြောကြားသည်။

''တို့တွေဆီမှာက စိုက်ပျိုးရေးကောင်းတော့ အစားအစာက ဖူဖူလုံလုံရှိတယ်။ ဒါပေမဲ့ ဘေးအန္တရာယ်ကင်းကင်းနဲ့ စားသောက်နိုင်တာ နည်းနေတယ်။ ထုတ်လုပ်တဲ့သူတွေကလည်း ထုတ်လုပ်မှုနည်းပညာတွေ အဆင့်မမီတော့ အစာဆိပ်သင့်မှုတွေ၊ အာဟာရမပြည့်စုံတာတွေ ဖြစ်နေတယ်။ သူများနိုင်ငံတွေမှာ အသက် (၇၀)ကျော် (၈၀) ကျော်တွေ နေနိုင်နေတဲ့အချိန်မှာ တို့က (၆၀)ကျော်ပဲနေနေရတယ်။ ဒါက အစာအာဟာရပြဿနာကြောင့် ဖြစ်ရတာ။ ဒါက တမျိုးသားလုံးနဲ့ ဆိုင်ပါတယ်''ဟု ၎င်းက ပြောကြားသည်။

_နိုင်ဆွေလင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7740,interview,221,knowledge,9,Live,8,LocalNews,16385,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,158,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: မြန်မာလယ်ယာ ထွက်ကုန်ပစ္စည်း ထုပ်ပိုးမှုစနစ် အဆင့်မမီသည့်အတွက် နိုင်ငံတကာနှင့်မယှဉ်ပြိုင်နိုင်
မြန်မာလယ်ယာ ထွက်ကုန်ပစ္စည်း ထုပ်ပိုးမှုစနစ် အဆင့်မမီသည့်အတွက် နိုင်ငံတကာနှင့်မယှဉ်ပြိုင်နိုင်
http://www.potato-equipment.com/images/home4-larger.jpg
dawnmanhon
http://www.dawnmanhon.com/2016/09/blog-post_412.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/09/blog-post_412.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy